ရှင်မာကု 14:66-72 BCL

66 ပေ​တ​ရု​သည်​ကျောင်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​နေ စဉ် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​သည်​ရောက်​ရှိ​လာ​၏။-

67 ပေ​တ​ရု​မီး​လှုံ​နေ​သည်​ကို​မြင်​သော​အ​ခါ သူ့ ကို​စေ့​စေ့​ကြည့်​၍ ``သင်​သည်​လည်း​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​၏'' ဟု ဆို​၏။

68 ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ​မ​သိ၊ နား​မ​လည်'' ဟု​ငြင်း​ဆို​၏။ ထို​နောက်​သူ​သည် ဝင်း​၏​အ​ဝင်​ဝ​ဆီ​သို့​သွား​၏။ ထို​အ​ချိန်​၌ ကြက်​တွန်​လေ​၏။

69 အ​စေ​ခံ​မ​က​လေး​သည်​ပေ​တ​ရု​ကို​တစ်​ဖန်​မြင် ပြန်​သ​ဖြင့် အ​နား​၌​ရပ်​နေ​သူ​တို့​အား ``ဤ​သူ သည်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​ဆို ပြန်​၏။-

70 ပေ​တ​ရု​သည်​လည်း​မ​ဟုတ်​ကြောင်း​ငြင်း​ဆို​ပြန်​၏။ထို​နောက်​များ​မ​ကြာ​မီ​အ​နီး​တွင်​ရပ်​နေ​သူ​တို့ က ``သင်​သည်​ဂါ​လိ​လဲ​ပြည်​သား​ဖြစ်​သ​ဖြင့် အ​မှန်​ပင်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​သူ့​အား​ဆို​ကြ​၏။

71 သို့​ရာ​တွင်​ပေ​တ​ရု​က ``သင်​တို့​ပြော​သော​သူ ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍ ကျိန်​ဆို​လေ​၏။

72 ထို​ခ​ဏ​၌​ဒု​တိ​ယ​အ​ကြိမ်​ကြက်​တွန်​လေ​၏။ ထို​အ​ခါ ``ကြက်​နှစ်​ကြိမ်​မ​တွန်​မီ​သင်​သည်​ငါ့ ကို​မ​သိ​ဟူ​၍​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို လိမ့်​မည်'' ဟု​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့် စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ သ​ဖြင့်​ငို​ကြွေး​လေ​၏။