ရှင်မာကု 15:41-47 BCL

41 သူ​တို့​သည်​ကိုယ်​တော်​ဂါ​လိ​လဲ​ပြည်​တွင်​ရှိ တော်​မူ​ခဲ့​စဉ် နောက်​တော်​သို့​လိုက်​၍​လုပ်​ကျွေး သ​မှု​ပြု​ကြ​သူ​များ​ဖြစ်​၏။ သူ​တို့​အ​ပြင် ကိုယ်​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ သော​အ​ခြား​အ​မျိုး​သ​မီး​များ​လည်း​ထို အ​ရပ်​တွင်​ရှိ​နေ​ကြ​၏။

42-43 ထို​နေ့​ကား (ဥ​ပုသ်​နေ့​အ​ကြို) ပြင်​ဆင်​ရာ​အ​ဖိတ် နေ့​ဖြစ်​၏။ ည​နေ​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​ရောက်​ရှိ​လာ​၏။ သူ သည်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​သူ၊ တ​ရား​လွှတ်​တော် အ​ဖွဲ့​ဝင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် မည့်​အ​ချိန်​ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည် အ​ရဲ​တင်း​စွာ​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​လေ​၏။-

44 ပိ​လတ်​မင်း​သည်​ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ ပြီ​ဖြစ်​ကြောင်း​ကို​ကြား​သော် အံ့​အား​သင့်​သွား သ​ဖြင့်​တပ်​မှူး​ကို​ခေါ်​၍ ကိုယ်​တော်​အ​သက်​ချုပ် တော်​မူ​သည်​မှာ​မည်​မျှ​ကြာ​ပြီ​ဖြစ်​ကြောင်း ကို​စုံ​စမ်း​မေး​မြန်း​၏။-

45 သူ​သည်​တပ်​မှူး​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား ရ​ပြီး​နောက် ယော​သပ်​အား​အ​လောင်း​တော်​ကို ယူ​ခွင့်​ပြု​၏။-

46 ယော​သပ်​သည်​ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​၍​ထို​ပိတ်​ဖြင့် ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို​ထွင်း​ထား​သည့် သင်္ချိုင်း​ဂူ​တွင် သင်္ဂြိုဟ်​ကာ​ဂူ​ဝ​ကို​ကျောက်​တုံး ကြီး​လှိမ့်​၍​ပိတ်​ထား​လိုက်​၏။-

47 အ​လောင်း​တော်​ကို​သင်္ဂြိုဟ်​သည့်​နေ​ရာ​ကို မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ​နှင့်​ယော​သေ​၏ အ​မိ​မာ​ရိ​တို့​တွေ့​မြင်​ရ​ကြ​၏။