ရှင်မာကု 3:1-4 BCL

1 သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​တစ်​ဖန် ကြွ​ဝင်​တော်​မူ​ပြန်​၏။ တ​ရား​ဇ​ရပ်​ထဲ​တွင် လက်​တစ်​ဖက်​သေ​သူ​လူ​တစ်​ယောက်​ရှိ​၏။-

2 ထို​နေ​ရာ​ရှိ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင် စွပ်​စွဲ​ရန်​အ​လို့​ငှာ သူ​၏​ရော​ဂါ​ကို​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​ပျောက်​ကင်း​စေ​တော်​မူ​မည်၊ မ​မူ​မည် ကို​စောင့်​ကြည့်​နေ​ကြ​၏။-

3 ကိုယ်​တော်​သည်​လက်​သေ​သူ​အား``ပ​ရိ​သတ် ရှေ့​သို့​လာ​၍​ရပ်​လော့'' ဟု​မိန့်​တော်​မူ​၏။-

4 ထို​နောက်​ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​တွင်​အ​ကောင်း ကို​ပြု​အပ်​သ​လော။ အ​ဆိုး​ကို​ပြု​အပ်​သ​လော။ လူ့​အ​သက်​ကို​ကယ်​အပ်​သ​လော၊ သတ်​အပ် သ​လော'' ဟု​ထို​သူ​တို့​အား​မေး​တော်​မူ​၏။သူ​တို့​သည်​လည်း​ဆိတ်​ဆိတ်​နေ​ကြ​၏။-