ရှင်မာကု 3:11-18 BCL

11 ညစ်​ညမ်း​သော​နတ်​များ​သည်​ကိုယ်​တော်​ကို မြင်​သော​အ​ခါ ရှေ့​တော်​၌​ပျပ်​ဝပ်​၍ ``အ​ရှင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်'' ဟု​ဟစ်​အော်​ကြ​၏။

12 ကိုယ်​တော်​က​မူ​မိ​မိ​မည်​သူ​ဖြစ်​သည်​ကို​ထုတ်​ဖော် ၍​မ​ပြော​ရန် သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​၏။

13 ထို​နောက်​ကိုယ်​တော်​သည်​တောင်​ပေါ်​သို့​ကြွ​တော် မူ​၏။ အ​လို​ရှိ​သော​သူ​များ​ကို​အ​ထံ​တော်​သို့ ခေါ်​တော်​မူ​၏။-

14-15 သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​သော​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို ရွေး​ချယ်​တော်​မူ​ပြီး​လျှင်​တ​မန်​တော်​များ​ဟူ​၍ သ​မုတ်​တော်​မူ​၏။ ထို​နောက်​သူ​တို့​အား ``ငါ​သည် သင်​တို့​ကို​ငါ​၏​အ​ပါး​တွင်​နေ​စေ​လို​၍​ရွေး ချယ်​ခဲ့​၏။ တ​ရား​ဟော​ထွက်​ရန် သင်​တို့​အား​ငါ စေ​လွှတ်​မည်။ နတ်​မိစ္ဆာ​များ​အား​နှင်​ထုတ်​နိုင်​သော တန်​ခိုး​ကို​လည်း​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

16 ကိုယ်​တော်​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ​သည့်​တစ် ကျိပ်​နှစ်​ပါး​ကား (ပေ​တ​ရု​ဟု​ကိုယ်​တော်​မှည့် ခေါ်​သူ​) ရှိ​မုန်၊-

17 (မိုး​ကြိုး​၏​သား​များ​ဟု​အ​နက်​ရှိ​သော​ဗော​နေ ရ​ဂက်​ဟူ​သော​နာ​မည်​ဖြင့် ကိုယ်​တော်​မှည့်​ခေါ်​သူ များ​ဖြစ်​သည့်​) ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့်​ယော​ဟန်၊-

18 အန္ဒြေ၊ ဖိ​လိပ္ပု၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ သော​မ၊ အာ​လ​ဖဲ ၏​သား​ယာ​ကုပ်၊ သဒ္ဒဲ၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန် နှင့်၊-