ရှင်မာကု 3:2-9 BCL

2 ထို​နေ​ရာ​ရှိ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင် စွပ်​စွဲ​ရန်​အ​လို့​ငှာ သူ​၏​ရော​ဂါ​ကို​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​ပျောက်​ကင်း​စေ​တော်​မူ​မည်၊ မ​မူ​မည် ကို​စောင့်​ကြည့်​နေ​ကြ​၏။-

3 ကိုယ်​တော်​သည်​လက်​သေ​သူ​အား``ပ​ရိ​သတ် ရှေ့​သို့​လာ​၍​ရပ်​လော့'' ဟု​မိန့်​တော်​မူ​၏။-

4 ထို​နောက်​ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​တွင်​အ​ကောင်း ကို​ပြု​အပ်​သ​လော။ အ​ဆိုး​ကို​ပြု​အပ်​သ​လော။ လူ့​အ​သက်​ကို​ကယ်​အပ်​သ​လော၊ သတ်​အပ် သ​လော'' ဟု​ထို​သူ​တို့​အား​မေး​တော်​မူ​၏။သူ​တို့​သည်​လည်း​ဆိတ်​ဆိတ်​နေ​ကြ​၏။-

5 ထို​သူ​တို့​မှာ​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​သည့် အ​တွက် ကိုယ်​တော်​သည်​ဝမ်း​နည်း​၍​အ​မျက်​ထွက် လျက်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင်​၏​လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

6 ဖာ​ရိ​ရှဲ​တို့​သည်​တ​ရား​ဇ​ရပ်​မှ​ချက်​ချင်း​ထွက် သွား​ကြ​၏။ ကိုယ်​တော်​ကို​သတ်​ရန်​နည်း​လမ်း​ကို ဟေ​ရုဒ်​ပါ​တီ​ဝင်​များ​နှင့်​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။

7-8 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​များ​နှင့်​အ​တူ ဂါ​လိ လဲ​အိုင်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ခါ​ဂါ​လိ​လဲ​ပြည် မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​ယု​ဒ ပြည်၊ ဣ​ဒု​မဲ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း မှ​လည်း​ကောင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​ပတ်​ဝန်း​ကျင် အ​ရပ်​များ​မှ​လည်း​ကောင်း​များ​စွာ​သော​လူ​တို့ သည် ကိုယ်​တော်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့်​ကိုယ်​တော် နောက်​သို့​လိုက်​ကြ​ကုန်​၏။-

9 ကိုယ်​တော်​သည်​မိ​မိ​အား​လူ​ထု​ပ​ရိ​သတ်​ကြီး မ​တိုး​မ​ကြိတ်​မိ​စေ​အံ့​သော​ငှာ မိ​မိ​အ​သုံး​ပြု ဖို့​လှေ​တစ်​စင်း​ကို​အ​သင့်​ထား​ရန်​တ​ပည့်​တော် တို့​အား​မိန့်​မှာ​တော်​မူ​၏။-