ရှင်မာကု 3:25-31 BCL

25 အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ သော​အိမ်​ထောင်​သည်​ရပ်​တည်​နိုင်​မည်​မ​ဟုတ်။-

26 ထို​နည်း​တူ​စွာ​စာ​တန်​သည်​မိ​မိ​ကိုယ်​ကို ရန်​ဖက်​ပြု​၍​ကွဲ​ပြား​လျှင် သူ​သည်​လည်း မ​ရပ်​မ​တည်​နိုင်​ရာ၊ ပျက်​စီး​ရ​မည်​သာ​ဖြစ်​၏။

27 ခွန်​အား​ကြီး​သူ​ကို​ဦး​စွာ​မ​ချည်​မ​နှောင်​ဘဲ​သူ ၏​အိမ်​သို့​ဝင်​၍ ဥစ္စာ​ပစ္စည်း​များ​ကို​မည်​သူ​မျှ​မ​လု မ​ယူ​နိုင်။ ချည်​နှောင်​ပြီး​မှ​သာ​လု​ယူ​နိုင်​ပေ​မည်။

28 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​လူ တို့​သည် မိ​မိ​တို့​လွန်​ကူး​သော​အ​ပြစ်​ရှိ​သ​မျှ အ​တွက်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​ပြစ်​မှား သော​စ​ကား​ဟူ​သ​မျှ​အ​တွက်​လည်း​ကောင်း အ​ပြစ် လွတ်​ငြိမ်း​နိုင်​ခွင့်​ရှိ​သည်။-

29 သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိညာဉ်​တော်​ကို​ပြစ်​မှား သော​သူ​မူ​ကား အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​နိုင်​လိမ့်​မည် မ​ဟုတ်။ သူ​သည်​ထာ​ဝ​ရ​အ​ပြစ်​ကို​ကူး​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။-

30 (ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ​လူ​အ​ချို့​တို့​က ကိုယ်​တော်​အား​ညစ်​ညမ်း သော​နတ်​စွဲ​ကပ်​သူ​ဟု​စွပ်​စွဲ​ကြ​သော​ကြောင့် ဖြစ်​၏။)

31 ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည်​ရောက် လာ​ကြ​၏။ အိမ်​ပြင်​တွင်​ရပ်​၍​ကိုယ်​တော်​ကို အ​ခေါ်​ခိုင်း​ကြ​၏။-