3 ကိုယ်တော်သည်လက်သေသူအား``ပရိသတ် ရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။-
4 ထိုနောက်ကိုယ်တော်က ``ဥပုသ်နေ့တွင်အကောင်း ကိုပြုအပ်သလော။ အဆိုးကိုပြုအပ်သလော။ လူ့အသက်ကိုကယ်အပ်သလော၊ သတ်အပ် သလော'' ဟုထိုသူတို့အားမေးတော်မူ၏။သူတို့သည်လည်းဆိတ်ဆိတ်နေကြ၏။-
5 ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။-
6 ဖာရိရှဲတို့သည်တရားဇရပ်မှချက်ချင်းထွက် သွားကြ၏။ ကိုယ်တော်ကိုသတ်ရန်နည်းလမ်းကို ဟေရုဒ်ပါတီဝင်များနှင့်ဆွေးနွေးတိုင်ပင်ကြ၏။
7-8 သခင်ယေရှုသည်တပည့်တော်များနှင့်အတူ ဂါလိ လဲအိုင်သို့ကြွတော်မူ၏။ ထိုအခါဂါလိလဲပြည် မှလည်းကောင်း၊ ယေရုရှလင်မြို့နှင့်တကွယုဒ ပြည်၊ ဣဒုမဲပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်း မှလည်းကောင်း၊ တုရုနှင့်ဇိဒုန်မြို့ပတ်ဝန်းကျင် အရပ်များမှလည်းကောင်းများစွာသောလူတို့ သည် ကိုယ်တော်ပြုတော်မူသည့်အမှုအရာများ အကြောင်းကိုကြားသိကြသဖြင့်ကိုယ်တော် နောက်သို့လိုက်ကြကုန်၏။-
9 ကိုယ်တော်သည်မိမိအားလူထုပရိသတ်ကြီး မတိုးမကြိတ်မိစေအံ့သောငှာ မိမိအသုံးပြု ဖို့လှေတစ်စင်းကိုအသင့်ထားရန်တပည့်တော် တို့အားမိန့်မှာတော်မူ၏။-
10 ကိုယ်တော်သည်များစွာသောလူမမာတို့ကို ကျန်းမာစေတော်မူခဲ့သဖြင့် ရောဂါရှိသူ ဟူသမျှသည်ကိုယ်တော်ကိုတို့ထိခွင့်ရရန် အထံတော်သို့တိုးဝှေ့၍လာကြ၏။-