20 သူတို့သည်ထိုသူငယ်ကိုအထံတော်သို့ခေါ်ခဲ့ ကြ၏။နတ်သည်ကိုယ်တော်ကိုမြင်လျှင်မြင်ချင်းသူငယ် အား ပြင်းထန်စွာတုန်တက်စေသဖြင့် သူငယ်သည် ပါးစပ်မှအမြှုပ်များထွက်လျက်မြေသို့လဲ ကျလူးလှိမ့်နေ၏။-
21 သခင်ယေရှုက ``ဤသို့ဖြစ်ပျက်နေသည်မှာ ကြာပြီလော'' ဟုသူငယ်၏ဖခင်အားမေး တော်မူ၏။ဖခင်က ``ကလေးအရွယ်မှပင်ဖြစ်ပါသည်။-
22 နတ်သည်သူငယ်အားသေစေရန်ကြိမ်ဖန်များစွာ မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေလဲစေတတ်ပါ သည်။ အရှင်တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့အား သနားသဖြင့်ကူမတော်မူပါ'' ဟုပြန်လည် လျှောက်ထား၏။
23 သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။-
24 ချက်ချင်းပင်သူငယ်၏အဖက ``အကျွန်ုပ်အကယ် ပင်ယုံကြည်ပါ၏။ ယုံကြည်ခြင်းမပြည့်စုံသည့် အတွက်အကျွန်ုပ်အားမစတော်မူပါ'' ဟုကျယ် စွာလျှောက်ထား၏။
25 အထံတော်သို့လူပရိသတ်များပြေးလာကြ သည်ကိုကိုယ်တော်မြင်တော်မူလျှင် ``ဆွံ့အနားပင်း သောနတ်၊ သူငယ်ထံမှထွက်လော့။ အဘယ်အခါမျှ ပြန်၍မပူးမဝင်နှင့်၊ ငါအမိန့်ရှိသည်'' ဟုညစ် ညမ်းသောနတ်အားမိန့်တော်မူ၏။-
26 နတ်သည်အော်ဟစ်ပြီးလျှင် သူငယ်ကိုပြင်းစွာတုန် တက်စေ၏။ ထိုနောက်သူ့ထံမှထွက်သွား၏။ သူငယ် သည်သူသေကဲ့သို့ဖြစ်နေသဖြင့် လူအများ ပင် ``သူငယ်သေပြီ'' ဟုပြောကြ၏။-