1 ``သင်တို့၏ယုံကြည်ခြင်းမပျက်ပြားစေရန် ဤအမှုအရာများကိုငါကြိုတင်ဖော်ပြ ခဲ့ပြီ။-
2 သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
3 သူတို့သည်လည်းခမည်းတော်ကိုမသိ၊ ငါ့ ကိုလည်းမသိကြသောကြောင့်ဤသို့သင် တို့အားပြုကြလိမ့်မည်။-
4 သင်တို့အားငါသတိပေးခဲ့ကြောင်းကိုဤ အမှုအရာများဖြစ်ပျက်လာချိန်၌ သင်တို့ ပြန်လည်သတိရကြစေရန်ယခုပင်ငါ ပြောနှင့်ပြီ။''``ငါသည်သင်တို့နှင့်အတူရှိနေသေးသော ကြောင့် သင်တို့အားထိုအကြောင်းအရာများ ကို ယခင်ကငါမပြောကြားခဲ့။-
5 ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင် ထံသို့ငါသွားတော့မည်။ သို့ရာတွင်ငါအဘယ် အရပ်သို့သွားမည်ကိုသင်တို့မည်သူမျှ မမေးကြ။-