ရှင်ယောဟန် 16:1-7 BCL

1 ``သင်​တို့​၏​ယုံ​ကြည်​ခြင်း​မ​ပျက်​ပြား​စေ​ရန် ဤ​အ​မှု​အ​ရာ​များ​ကို​ငါ​ကြို​တင်​ဖော်​ပြ ခဲ့​ပြီ။-

2 သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​မှ​နှင်​ထုတ်​ခြင်း ခံ​ရ​လိမ့်​မည်။ သင်​တို့​ကို​သတ်​ဖြတ်​ခြင်း​သည် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း ပင်​ဖြစ်​သည်​ဟု လူ​တို့​ထင်​မှတ်​သည့်​အ​ချိန် ကာ​လ​မု​ချ​ကျ​ရောက်​ပေ​အံ့။-

3 သူ​တို့​သည်​လည်း​ခ​မည်း​တော်​ကို​မ​သိ၊ ငါ့ ကို​လည်း​မ​သိ​ကြ​သော​ကြောင့်​ဤ​သို့​သင် တို့​အား​ပြု​ကြ​လိမ့်​မည်။-

4 သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​ကြောင်း​ကို​ဤ အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ သင်​တို့ ပြန်​လည်​သ​တိ​ရ​ကြ​စေ​ရန်​ယ​ခု​ပင်​ငါ ပြော​နှင့်​ပြီ။''``ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​သေး​သော ကြောင့် သင်​တို့​အား​ထို​အ​ကြောင်း​အ​ရာ​များ ကို ယ​ခင်​က​ငါ​မ​ပြော​ကြား​ခဲ့။-

5 ယ​ခု​မှာ​မူ​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင် ထံ​သို့​ငါ​သွား​တော့​မည်။ သို့​ရာ​တွင်​ငါ​အ​ဘယ် အ​ရပ်​သို့​သွား​မည်​ကို​သင်​တို့​မည်​သူ​မျှ မ​မေး​ကြ။-

6 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ​ပြော​ကြား သ​ဖြင့် သင်​တို့​သည်​စိတ်​ညှိုး​ငယ်​လျက်​ရှိ ကြ​၏။-

7 သို့​သော်​သင်​တို့​အား​ငါ​အ​မှန်​အ​ကန်​ပြော သည်​ကား ငါ​သွား​ရ​ခြင်း​သည်​သင်​တို့​အ​ဖို့ ပို​၍​ကောင်း​၏။ ငါ​မ​သွား​လျှင်​မ​စ​တော်​မူ သော​အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား​ထို​အ​ရှင်​ကို​သင်​တို့ ထံ​သို့​ငါ​စေ​လွှတ်​မည်။-