ရှင်ယောဟန် 19:39-42 BCL

39 ယ​ခင်​သ​ခင်​ယေ​ရှု​ကို​ည​အ​ခါ​လာ​ရောက် တွေ့​ဆုံ​သူ​နိ​ကော​ဒင်​သည်​လည်း မု​ရန်​နှင့် အ​ကျော်​ရော​နှော​သော​ဆီ​မွှေး​နံ့​သာ​ပေါင်း အ​ချိန်​နှစ်​ဆယ့်​ငါး​ပိ​ဿာ​ခန့်​ကို​ယူ​၍ ယော သပ်​နှင့်​အ​တူ​လိုက်​သွား​၏။-

40 သူ​တို့​သည်​သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို ယူ​၍​ယု​ဒ​အ​မျိုး​သား​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင် ရာ​ဋ္ဌ​လေ့​ထုံး​စံ​အ​တိုင်း နံ့​သာ​ပေါင်း​နှင့်​အ​တူ ပိတ်​ဖြင့်​ရစ်​ပတ်​ကြ​၏။-

41 ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ရပ်​၌​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ ထို​ဥ​ယျာဉ် တွင်​မည်​သူ​ကို​မျှ​မ​သင်္ဂြိုဟ်​ဘူး​သေး​သည့် သင်္ချိုင်း​ဂူ​တစ်​ခု​ရှိ​၏။-

42 ထို​နေ့​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ဖိတ် နေ့​ဖြစ်​သော​ကြောင့် အ​လောင်း​တော်​ကို​အ​နီး တွင်​ရှိ​သည့်​ထို​ဂူ​၌​ပင်​သင်္ဂြိုဟ်​ကြ​၏။