ရှင်ယောဟန် 20:10-16 BCL

10 ထို​နောက်​တ​ပည့်​တော်​နှစ်​ဦး​တို့​သည်​ပြန်​ကြ​၏။

11 မာ​ရိ​သည်​သင်္ချိုင်း​တော်​အ​နီး​တွင်​ငို​ကြွေး​လျက် ရပ်​နေ​၏။ သူ​သည်​ငို​ကြွေး​နေ​စဉ်​ငုံ့​၍​ဂူ​ထဲ​သို့ ကြည့်​လိုက်​ရာ၊-

12 သခင်​ယေ​ရှု​အ​လောင်း​တော်​၏​နေ​ရာ​ခေါင်း​ရင်း တွင်​ကောင်း​ကင်​တ​မန်​တစ်​ပါး၊ ခြေ​ရင်း​တွင် တစ်​ပါး၊ ကောင်း​ကင်​တ​မန်​နှစ်​ပါး​ဝတ်​ဖြူ​စင် ကြယ်​နှင့်​ထိုင်​နေ​သည်​ကို​မြင်​ရ​၏။-

13 ကောင်း​ကင်​တ​မန်​များ​က ``အ​ချင်း​အ​မျိုး သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သနည်း'' ဟု​မေး​၏။မာ​ရိ​က ``ကျွန်​မ​၏​အ​ရှင်​ကို​သူ​တို့​ယူ​ဆောင် သွား​လေ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​မှာ ထား​ကြ​သည်​ကို​ကျွန်​မ​မ​သိ​ပါ'' ဟု​ဆို​၏။

14 ဤ​သို့​ဆို​ပြီး​လျှင်​နောက်​သို့​လှည့်​၍​ကြည့်​ရာ သခင်​ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို​မြင် သော်​လည်း​သ​ခင်​ယေ​ရှု​ဖြစ်​သည်​ကို​မ​သိ။-

15 သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သ​နည်း။ သင်​မည် သူ့​ကို​ရှာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ထို​အ​ခါ​မာ​ရိ​သည်​ကိုယ်​တော်​ကို​ဥ​ယျာဉ်​စောင့် ဟု​ထင်​မှတ်​ကာ ``ဆ​ရာ၊ ကိုယ်​တော်​၏​အ​လောင်း တော်​ကို​ရှင်​ယူ​ဆောင်​သွား​ခဲ့​ပါ​လျှင်​အ​ဘယ် အ​ရပ်​တွင်​ထား​သည်​ကို​ကျွန်​မ​အား​ပြော​ပြ​ပါ။ ကျွန်​မ​သွား​၍​ယူ​ပါ​မည်'' ဟု​ဆို​၏။

16 သ​ခင်​ယေ​ရှု​က ``မာ​ရိ'' ဟု​ခေါ်​တော်​မူ​၏။ထို​အ​ခါ​မာ​ရိ​သည်​လှည့်​၍ ဟေ​ဗြဲ​ဘာ​သာ ဖြင့် ``ရဗ္ဗုနိ'' ဟု​ထူး​၏။ (ရဗ္ဗုနိ​အ​နက်​ကား အ​ရှင်​ဘု​ရား​ဟု​ဆို​လို​သ​တည်း။)