ရှင်ယောဟန် 20:23-29 BCL

23 သင်​တို့​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် လျှင်​သူ​တို့​သည်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။ သင် တို့​မ​ဖြေ​မ​လွှတ်​လျှင်​မူ​ကား​သူ​တို့​အ​ပြစ် ပြေ​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။

24 သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ချိန်​၌ (အ​မြွှာ​ပူး ဟု​နာ​မည်​တွင်​သည့်) သော​မ​ကား​တ​ပည့်​တော် တို့​နှင့်​အ​တူ​မ​ရှိ။-

25 သို့​ဖြစ်​၍​အ​ခြား​တ​ပည့်​တော်​များ​က ``သ​ခင် ဘု​ရား​ကို​ငါ​တို့​တွေ့​မြင်​ကြ​ရ​ပြီ'' ဟု​သော​မ အား​ပြော​ဆို​ကြ​၏။သော​မ​က ``လက်​တော်​၌​သံ​ရိုက်​ရာ​ကို​မ​မြင်၊ သံ​ရိုက်​ရာ​ကို​လက်​ညှိုး​ဖြင့်​မ​တို့​မ​စမ်း၊ နံ​ဘေး တော်​ကို​လက်​ဖြင့်​မ​စမ်း​မ​သပ်​ရ​လျှင်​ငါ​ယုံ မည်​မ​ဟုတ်'' ဟု​ဆို​၏။

26 ထို​နောက်​ရက်​သတ္တ​တစ်​ပတ်​ကြာ​သော်​တ​ပည့် တော်​တို့​သည် အိမ်​အ​တွင်း​မှာ​စု​ဝေး​လျက်​ရှိ ကြ​၏။ သော​မ​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၏။ တံ​ခါး​များ​ပိတ်​ထား​လျက်​ရှိ​၏။ သို့​ရာ​တွင် သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့ ၏​အ​လယ်​တွင်​ရပ်​တော်​မူ​ပြီး​လျှင် ``သင်​တို့ ၌​ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော် မူ​၏။-

27 ထို​နောက်​သော​မ​အား ``သင်​၏​လက်​ညှိုး​ဖြင့်​ဤ နေ​ရာ​ကို​တို့​ကြည့်​လော့။ ငါ​၏​လက်​များ​ကို ကြည့်​လော့။ သင့်​လက်​ကို​ဆန့်​၍​ငါ​၏​နံ​ဘေး ကို​စမ်း​သပ်​လော့။ ယုံ​မှား​သံ​သ​ယ​မ​ဖြစ်​နှင့်။ ယုံ​လော့'' ဟု​မိန့်​တော်​မူ​၏။

28 သော​မ​က ``အ​ကျွန်ုပ်​၏​အ​ရှင်၊ အ​ကျွန်ုပ်​၏ ဘုရား​ပါ​တ​ကား'' ဟု​ပြန်​၍​လျှောက်​၏။

29 သ​ခင်​ယေ​ရှု​က ``သင်​သည်​ငါ့​ကို​မြင်​ရ​၍ ယုံ​ကြည်​သ​လော။ ငါ့​ကို​မ​မြင်​ရ​ဘဲ​ယုံ​ကြည် သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။