ရှင်ယောဟန် 20:3-9 BCL

3 ထို​အ​ခါ​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော် သည်​သင်္ချိုင်း​တော်​သို့​ပြေး​သွား​ကြ​၏။-

4 ထို​သူ​နှစ်​ဦး​သည်​အ​တူ​ပြေး​ကြ​သော်​လည်း အ​ခြား​တ​ပည့်​တော်​က​ပေ​တ​ရု​ထက်​လျင် မြန်​စွာ​ပြေး​၍​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက် လေ​သည်။-

5 သူ​သည်​ငုံ့​၍​ကြည့်​လိုက်​ရာ​ဂူ​ထဲ​တွင်​ပိတ် များ​ကျန်​ရစ်​သည်​ကို​မြင်​ရ​၏။ သို့​သော်​သူ သည်​ဂူ​ထဲ​သို့​မ​ဝင်​ဘဲ​နေ​၏။-

6 သူ​၏​နောက်​က​လိုက်​လာ​သူ​ရှိ​မုန်​ပေ​တ​ရု သည်​လည်း​ရောက်​လာ​ပြီး​နောက်​ဂူ​ထဲ​သို့​ဝင် ရာ​ပိတ်​များ​ကျန်​ရစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊-

7 ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​မှ​ပ​ဝါ​သည်​ထို​ပိတ် များ​နှင့်​အ​တူ​မ​ရှိ​ဘဲ​တစ်​နေ​ရာ​တွင်​သီး​သန့် လိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း​မြင်​လေ​၏။-

8 ထို​နောက်​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​ရှိ​သည့် အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဂူ​ထဲ​သို့​ဝင် လျှင်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သ​ဖြင့် ယုံ​ကြည်​လေ​၏။-

9 (ကိုယ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ရ​မည်​ဟူ​သော​ကျမ်း​စ​ကား​ကို​ထို​သူ​တို့​နား မ​လည်​ကြ​သေး​ချေ။)-