11 ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-
12 သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
13 သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။-
14 ဝိညာဉ်တော်သည်ဘုရားသခင်၏လူစုတော် အားကတိထားတော်မူသည့်အတိုင်း ငါတို့ ခံစားရမည်ဖြစ်ကြောင်းအာမခံချက်ဖြစ် တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်မိမိ ပိုင်တော်မူသောသူတို့အား လုံးဝလွတ်မြောက် စေတော်မူမည်ဖြစ်ကြောင်းငါတို့ယုံကြည် စိတ်ချနိုင်ပေသည်။ ငါတို့သည်ကိုယ်တော် ၏ဘုန်းအသရေတော်ကိုချီးကူး ထောမနာပြုကြကုန်စို့။
15-16 ထို့ကြောင့်သင်တို့သည်သခင်ယေရှုကိုယုံ ကြည်ခြင်း၊ ဘုရားသခင်၏လူစုတော်အား ချစ်ခြင်းအကြောင်းကိုကြားသိရသည့် အခါမှစ၍ ငါသည်သင်တို့ကိုအကြောင်း ပြု၍အစဉ်မပြတ်ကျေးဇူးတော်ကို ချီးမွမ်း၏။ သင်တို့အတွက်ဆုတောင်း ပတ္ထနာပြုလျက်နေ၏။-
17 သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။-
18-19 ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-