ဧ​ဖက် 1:15-16-23 BCL

15-16 ထို့​ကြောင့်​သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ခြင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ချစ်​ခြင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သည့် အ​ခါ​မှ​စ​၍ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ သင်​တို့​အ​တွက်​ဆု​တောင်း ပတ္ထနာ​ပြု​လျက်​နေ​၏။-

17 သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကျွမ်း​ခြင်း အ​လို့​ငှာ​သင်​တို့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​၍ ဘု​ရား​သ​ခင်​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည့် ဝိ​ညာဉ်​တော်​ကို​သင်​တို့​ရ​ရှိ​ကြ​စေ​ရန် ငါ တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဘု​ရား​သ​ခင်၊ ဘုန်း​ကြီး​သော​အ​ဖ​ခ​မည်း​တော်​ထံ​ငါ လျှောက်​ထား​၏။-

18-19 ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဘယ်​သို့​သော အ​ရာ​ကို​မျှော်​လင့်​ကြ​စေ​ရန်​ခေါ်​ယူ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​စု တော်​အား​က​တိ​ထား​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​မှာ အ​ဘယ် မျှ​များ​ပြား​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည် သူ​ငါ​တို့​အ​တွင်း​၌​လုပ်​ဆောင်​လျက်​ရှိ သော​တန်​ခိုး​တော်​သည်​အ​ဘယ်​မျှ​ကြီး မား​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​မြင် ကြ​စေ​ရန်​သင်​တို့​၏​ဉာဏ်​မျက်​စိ​ကို​ပွင့် လင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​တို့​အ​တွင်း ၌​လုပ်​ဆောင်​လျက်​ရှိ​သည့်​တန်​ခိုး​တော် ကား၊-

20 ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ကောင်း​ကင်​လော​က​တွင်​မိ​မိ ၏​လက်​ယာ​တော်​ဘက်​၌​စံ​မြန်း​စေ​တော် မူ​သော​အ​ခါ​က ဘု​ရား​သ​ခင်​အ​သုံး​ပြု တော်​မူ​ခဲ့​သည့်​တန်​ခိုး​တော်​ပင်​ဖြစ်​သ​တည်း။-

21 ထို​ကောင်း​ကင်​လော​က​တွင်​ခ​ရစ်​တော်​သည် ကောင်း​ကင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ အာ ဏာ​ပိုင်​များ၊ တန်​ခိုး​ရှင်​များ​နှင့်​အ​ရှင်​သ​ခင် အ​ပေါင်း​တို့​၏​အ​ထွတ်​အ​ထိပ်​အ​ဖြစ်​ဖြင့် အုပ်​စိုး​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော် သည်​မျက်​မှောက်​လော​က​နှင့်​အ​နာ​ဂတ် လော​က​၌ ခေါ်​ဝေါ်​သ​မုတ်​နိုင်​သော​အ​ထွတ် အ​ထိပ်​ဘွဲ့​နာ​မ​အ​ပေါင်း​တို့​ထက်​ကြီး မြတ်​တော်​မူ​ပေ​သည်။-

22 ဘု​ရား​သ​ခင်​သည်​ခပ်သိမ်း​သော​အ​ရာ​တို့​ကို ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​တော်​အောက်​တွင်​ချ ထား​၍ ကိုယ်​တော်​အား​အ​သင်း​တော်​အ​ဖို့ အ​ထွတ်​အ​ထိပ်​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။-

23 ထို​အ​သင်း​တော်​ကား​အ​လုံး​စုံ​တို့​ကို​ပြည့်​ဝ စုံ​လင်​စေ​တော်​မူ​သော​သူ​ပြည့်​ဝ​စုံ​လင်​ခြင်း တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဖြစ် သတည်း။