ဧ​ဖက် 1:20-23 BCL

20 ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ကောင်း​ကင်​လော​က​တွင်​မိ​မိ ၏​လက်​ယာ​တော်​ဘက်​၌​စံ​မြန်း​စေ​တော် မူ​သော​အ​ခါ​က ဘု​ရား​သ​ခင်​အ​သုံး​ပြု တော်​မူ​ခဲ့​သည့်​တန်​ခိုး​တော်​ပင်​ဖြစ်​သ​တည်း။-

21 ထို​ကောင်း​ကင်​လော​က​တွင်​ခ​ရစ်​တော်​သည် ကောင်း​ကင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ အာ ဏာ​ပိုင်​များ၊ တန်​ခိုး​ရှင်​များ​နှင့်​အ​ရှင်​သ​ခင် အ​ပေါင်း​တို့​၏​အ​ထွတ်​အ​ထိပ်​အ​ဖြစ်​ဖြင့် အုပ်​စိုး​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော် သည်​မျက်​မှောက်​လော​က​နှင့်​အ​နာ​ဂတ် လော​က​၌ ခေါ်​ဝေါ်​သ​မုတ်​နိုင်​သော​အ​ထွတ် အ​ထိပ်​ဘွဲ့​နာ​မ​အ​ပေါင်း​တို့​ထက်​ကြီး မြတ်​တော်​မူ​ပေ​သည်။-

22 ဘု​ရား​သ​ခင်​သည်​ခပ်သိမ်း​သော​အ​ရာ​တို့​ကို ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​တော်​အောက်​တွင်​ချ ထား​၍ ကိုယ်​တော်​အား​အ​သင်း​တော်​အ​ဖို့ အ​ထွတ်​အ​ထိပ်​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။-

23 ထို​အ​သင်း​တော်​ကား​အ​လုံး​စုံ​တို့​ကို​ပြည့်​ဝ စုံ​လင်​စေ​တော်​မူ​သော​သူ​ပြည့်​ဝ​စုံ​လင်​ခြင်း တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဖြစ် သတည်း။