ဧ​ဖက် 1:4-11 BCL

4 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​ရှေ့​တော်​တွင်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​ဘဲ သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဖြစ်​နိုင်​ကြ​စေ​ရန်​ကမ္ဘာ​မ​တည်​မ​ရှိ​မီ က​ပင်​ငါ​တို့​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​တော်​မူ​ပေ​သည်။ ဘု​ရား​သ​ခင်​သည် မိ​မိ​မေတ္တာ​တော်​ကြောင့်၊-

5 ငါ​တို့​ကို​ကိုယ်​တော်​၏​သား​များ​ဖြစ်​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ရွေး​ကောက်​တော်​မူ​ပြီး ဖြစ်​သည်။ ဤ​ကား​ကိုယ်​တော်​၏​အ​လို​တော် နှင့်​အ​ကြံ​အ​စည်​တော်​ပင်​ဖြစ်​ပေ​သည်။-

6 ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ​သော​သား​တော် အား​ဖြင့် ငါ​တို့​အား​အ​ခ​မဲ့​ပေး​သ​နား​တော် မူ​သည့်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကျေး​ဇူး တော်​အ​တွက် ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။

7-8 ငါ​တို့​သည်​ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း ကြောင့်၊ မိ​မိ​တို့​အ​ပြစ်​၏​အ​နှောင်​အ​ဖွဲ့​မှ​လွတ် မြောက်​ကြ​ရ​၏။ တစ်​နည်း​အား​ဖြင့်​အ​ပြစ်​ဖြေ လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ ငါ​တို့​အား​ဘု​ရား သ​ခင်​ဤ​ကဲ့​သို့​ရက်​ရော​စွာ​ချ​ပေး​တော်​မူ သည့်​ကျေး​ဇူး​တော်​သည်​အ​လွန်​ကြီး​မြတ် လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​ဉာဏ်​ပ​ညာ​အ​သိ​ပ​ညာ​နှင့်​ကြွယ်​ဝ ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ၊-

9 မိ​မိ​ရည်​ရွယ်​ချက်​အ​တိုင်း​ပြု​တော်​မူ​၏။ ခ​ရစ်​တော်​အား​ဖြင့်​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ​တို့​အား​သိ​စေ​တော်​မူ​ပြီ။-

10 ဤ​အ​ကြံ​အ​စည်​တော်​ကား​အ​ချိန်​တန်​သော အ​ခါ​ခ​ရစ်​တော်​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​စေ လျက် မိုး​မြေ​၌​ရှိ​သ​မျှ​သော​အ​ဖန်​ဆင်း​ခံ​တို့ ကို​စု​ပေါင်း​စေ​ရန်​ပင်​ဖြစ်​သ​တည်း။

11 ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ​ကိုယ်​တော်​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပျက်​ကြ ရ​၏။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​လို​တော် အ​ရ​ရှေး​မ​ဆွ​က ပြု​တော်​မူ​သည့်​စီ​ရင် ဆုံး​ဖြတ်​ချက်​ကို​အ​ခြေ​ခံ​၍ ငါ​တို့​အား ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ လျက် မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​တော်​မူ​ပေ​သည်။-