ဧ​ဖက် 2:16-22 BCL

16 ခ​ရစ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​ခြင်း​ဖြင့် သူ​တို့​အ​ချင်း​ချင်း​၏​ရန်​ကို ဖယ်​ရှား​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​အား​ဖြင့်​လူ မျိုး​နှစ်​စု​ကို​တစ်​စု​တည်း​ဖြစ်​စေ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ​၏။-

17 သို့​ဖြစ်​၍​ယ​ခင်​ဘု​ရား​သ​ခင်​နှင့်​ဝေး​လျက်​နေ ခဲ့​သော​သင်​တို့​လူ​မျိုး​ခြား​များ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​နီး​ခဲ့​သူ​ယု​ဒ​အ​မျိုး​သား​များ အား​လည်း​ကောင်း ခ​ရစ်​တော်​သည်​ကြွ​လာ​တော်​မူ​၍ ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​တော်​မူ​၏။-

18 လူ​မျိုး​ခြား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ဖြစ်​သည့်​ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့်​တစ် ပါး​တည်း​သော​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​လျက် ခ​မည်း​တော်​၏​ရှေ့​တော်​သို့​ဝင်​ရောက်​ခွင့်​ရ​ရှိ ကြ​ပေ​သည်။

19 သို့​ဖြစ်​၍​သင်​တို့​သည်​လူ​မျိုး​ခြား​မ​ဟုတ်၊ သူ စိမ်း​တစ်​ရံ​ဆံ​လည်း​မ​ဟုတ်​ကြ​တော့​ပေ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ​ပြည် တော်​သား​များ၊ ကိုယ်​တော်​၏​အိမ်​ထောင်​စု​သား များ​ဖြစ်​ကြ​လေ​ပြီ။-

20 သင်​တို့​သည်​လည်း​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက် များ​ချ​မှတ်​ခဲ့​သည့်​တိုက်​မြစ်​အ​ပေါ်​တွင်​တည် ဆောက်​လျက်​ရှိ​သည့်​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။ ထို​အ​ဆောက်​အ​အုံ​၏​အ​ရေး​အ​ကြီး​ဆုံး​သော ထောင့်​ချုပ်​ကျောက်​ကား​ခ​ရစ်​တော်​ယေ​ရှု​ပင်​ဖြစ် သ​တည်း။-

21 ကိုယ်​တော်​သည်​ဤ​အ​ဆောက်​အ​အုံ​တစ်​ခု​ကို တည်​မြဲ​ခိုင်​ခံ့​ကြီး​ပွား​တိုး​တက်​စေ​သ​ဖြင့် ယင်း​သည်​သ​ခင်​ဘု​ရား​အား​ဆက်​ကပ်​ထား သော​ဗိ​မာန်​တော်​ဖြစ်​လာ​လေ​သည်။-

22 သင်​တို့​သည်​လည်း​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ် ဝ​တည်း​ဖြစ်​လျက် အ​ခြား​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​တည်​ဆောက်​ခြင်း​ကို​ခံ​သ​ဖြင့်​ဝိ​ညာဉ် တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော် မူ​ရာ​ဌာ​န​တော်​ဖြစ်​လာ​ကြ​ပေ​သည်။