ဧ​ဖက် 2:19-22 BCL

19 သို့​ဖြစ်​၍​သင်​တို့​သည်​လူ​မျိုး​ခြား​မ​ဟုတ်၊ သူ စိမ်း​တစ်​ရံ​ဆံ​လည်း​မ​ဟုတ်​ကြ​တော့​ပေ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ​ပြည် တော်​သား​များ၊ ကိုယ်​တော်​၏​အိမ်​ထောင်​စု​သား များ​ဖြစ်​ကြ​လေ​ပြီ။-

20 သင်​တို့​သည်​လည်း​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက် များ​ချ​မှတ်​ခဲ့​သည့်​တိုက်​မြစ်​အ​ပေါ်​တွင်​တည် ဆောက်​လျက်​ရှိ​သည့်​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။ ထို​အ​ဆောက်​အ​အုံ​၏​အ​ရေး​အ​ကြီး​ဆုံး​သော ထောင့်​ချုပ်​ကျောက်​ကား​ခ​ရစ်​တော်​ယေ​ရှု​ပင်​ဖြစ် သ​တည်း။-

21 ကိုယ်​တော်​သည်​ဤ​အ​ဆောက်​အ​အုံ​တစ်​ခု​ကို တည်​မြဲ​ခိုင်​ခံ့​ကြီး​ပွား​တိုး​တက်​စေ​သ​ဖြင့် ယင်း​သည်​သ​ခင်​ဘု​ရား​အား​ဆက်​ကပ်​ထား သော​ဗိ​မာန်​တော်​ဖြစ်​လာ​လေ​သည်။-

22 သင်​တို့​သည်​လည်း​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ် ဝ​တည်း​ဖြစ်​လျက် အ​ခြား​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​တည်​ဆောက်​ခြင်း​ကို​ခံ​သ​ဖြင့်​ဝိ​ညာဉ် တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော် မူ​ရာ​ဌာ​န​တော်​ဖြစ်​လာ​ကြ​ပေ​သည်။