၁ ကော 1:7-13 BCL

7 သို့​ဖြစ်​၍​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​လျက်​နေ​စဉ် သင်​တို့​မ​ခံ​စား ကြ​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ဟူ​၍​မ​ရှိ။-

8 ငါ​တို့​အရှင်​ယေ​ရှု​ခ​ရစ်​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​တွင် သင်​တို့​သည်​အ​ပြစ်​နှင့်​ကင်း​စင်​စေ​ရန် ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဆုံး​တိုင်​အောင် တည်​ကြည်​စေ​တော်​မူ​လိမ့်​မည်။-

9 ဘု​ရား​သ​ခင်​သည်​သစ္စာ​စောင့်​တော်​မူ​၏။ ကိုယ်​တော် သည်​သင်​တို့​အား​မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ရန် သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။

10 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​သင်​တို့​အား​တောင်း ပန်​ပါ​၏။ စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​စေ​ရန်​သင် တို့​စ​ကား​အ​ပြော​အ​ဆို​တွင်​ညီ​ညွတ်​မှု​ရှိ ကြ​လော့။ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြင့်​စည်း​လုံး မှု​ရှိ​ကြ​လော့။-

11 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း ခိုက်​ရန်​ဖြစ်​လျက်​ရှိ​ကြ​ကြောင်း​ကို က​လော​ဣ ၏​အိမ်​သူ​အိမ်​သား​များ​ထံ​မှ​ငါ​ကြား​သိ ရ​၏။-

12 သင်​တို့​တွင်​တစ်​ယောက်​တစ်​မျိုး​စီ​ပြော​နေ​ကြ ၏။ ``ငါ​သည်​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ကေ​ဖ ၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့် ဖြစ်​သည်'' ဟု​အ​သီး​သီး​ပြော​ဆို​နေ​ကြ​၏။-

13 ခ​ရစ်​တော်​သည်​ကွဲ​ပြား​သ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက်​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ အ​သေ ခံ​ပါ​သ​လော။ သို့​တည်း​မ​ဟုတ်​သင်​တို့​သည် ပေါ​လု​၏​နာ​မ​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​ကို​ခံ ယူ​ခဲ့​ကြ​ပါ​သ​လော။