24 အဘယ်သူမျှကိုယ်ကျိုးကိုမရှာစေနှင့်။ သူ တစ်ပါး၏အကျိုးကိုသာလျှင်ရှာစေ။
25 သင်တို့၏သြတ္တပ္ပစိတ်ကိုထောက်၍ စျေးတွင်ရောင်း သည့်အမဲသားကိုစစ်ဆေးမေးမြန်းခြင်းမပြု ဘဲဝယ်၍စားကြလော့။-
26 အဘယ်ကြောင့်ဆိုသော်``ဤလောကနှင့်တကွ လောက၌ရှိသမျှသောအရာတို့ကိုထာဝရ ဘုရားပိုင်တော်မူ၏'' ဟုကျမ်းစာတော်ကဆို၏။
27 အကယ်၍မယုံကြည်သူလူတစ်ယောက်က သင်တို့အား ဧည့်ခံကျွေးမွေးရန်ခေါ်ဖိတ်သော အခါသင်တို့သွားလိုကသွားကြလော့။ မိမိ တို့၏သြတ္တပ္ပစိတ်ကိုထောက်၍တည်ခင်းကျွေး မွေးသမျှတို့ကိုစစ်ဆေးမေးမြန်းခြင်းမပြု ဘဲစားလော့။-
28 သို့ရာတွင်လူတစ်စုံတစ်ယောက်က``ဤအရာ သည်ယဇ်ပူဇော်သောအသားဖြစ်သည်'' ဟု ဆိုပါမူယင်းသို့ပြောဆိုသူကိုလည်းကောင်း၊ သြတ္တပ္ပစိတ်ကိုလည်းကောင်းထောက်၍ထို အသားကိုမစားကြနှင့်။-
29 သြတ္တပ္ပစိတ်ဆိုရာ၌သင်တို့၏သြတ္တပ္ပစိတ်ကို မဆိုလို။ လာပြောသူ၏သြတ္တပ္ပစိတ်ကိုဆို လို၏။သင်တို့တွင်လူတစ်စုံတစ်ယောက်က``ငါ၏ လွတ်လပ်မှုကိုအဘယ်ကြောင့်သူတစ်ပါး ၏သြတ္တပ္ပစိတ်ကချုပ်ချယ်ရပါသနည်း။-
30 အကယ်၍ငါသည်မိမိစားသောက်သည့်အစား အစာအတွက်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်း၏။ ထိုသို့ကျေးဇူးတော်ကိုချီးမွမ်း ၍စားသောက်သည့်အစားအစာနှင့်ပတ်သက်၍ ငါ့အားသူတစ်ပါးကအဘယ်ကြောင့်ဝေဖန် ရပါမည်နည်း'' ဟုမေးလိုပေလိမ့်မည်။