၁ ကော 11:2-8 BCL

2 သင်​တို့​သည်​ငါ့​ကို​အ​စဉ်​အောက်​မေ့​သ​တိ​ရ​၍ ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​အ​တိုင်း​လိုက် နာ​ပြု​ကျင့်​ကြ​သော​ကြောင့်​သင်​တို့​အား​ငါ ချီး​ကူး​၏။-

3 သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။-

4 သို့​ဖြစ်​၍​ယောကျာ်း​သည်​ဝတ်​ပြု​အ​စည်း​အ​ဝေး တွင်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​၍​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​ဟော​သော်​လည်း​ကောင်း ခ​ရစ်​တော်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သူ ဖြစ်​၏။-

5 မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။-

6 မိန်း​မ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​ထား​မည့်​အ​စား မိ​မိ​၏​ဆံ​ပင်​ကို​ဖြတ် ထား​လျှင်​သာ​၍​ကောင်း​၏။ ဆံ​ပင်​ဖြတ်​ခြင်း၊ ခေါင်း​တုံး​ရိတ်​ခြင်း​တို့​သည်​အ​မျိုး​သ​မီး အ​တွက် ရှက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​ဖြစ် သ​ဖြင့် သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​စေ။-

7 အ​မျိုး​သား​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး အုပ်​ရန်​မ​သင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​ဘုန်း အ​သ​ရေ​တော်​ကို​ရောင်​ပြန်​ဟပ်​သူ​ဖြစ်​သော ကြောင့်​တည်း။ အ​မျိုး​သ​မီး​သည်​ကား​အ​မျိုး သား​၏​ဘုန်း​အ​သ​ရေ​ကို​ရောင်​ပြန်​ဟပ်​သူ ဖြစ်​၏။-

8 အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​မှ​ဖန်​ဆင်း ထား​သူ​မ​ဟုတ်။ အ​မျိုး​သ​မီး​သည်​သာ​လျှင် အ​မျိုး​သား​မှ​ဖန်​ဆင်း​သူ​ဖြစ်​၏။-