37 သို့ရာတွင်အမျိုးသားသည်မိမိအလိုအလျောက် အိမ်ထောင်မပြုဘဲနေရန်စိတ်ပိုင်းဖြတ်၍ မိမိ၏ စိတ်ကိုလည်းလုံးဝချုပ်ထိန်းနိုင်သဖြင့်ထိမ်း မြားမင်္ဂလာမပြုဘဲနေပါလျှင်ကောင်းလေစွ။-
38 ထိုကြောင့်မိမိနှင့်စေ့စပ်ကြောင်းလမ်းထားသူ အမျိုးသမီးပျိုနှင့် ထိမ်းမြားမင်္ဂလာပြုသူ၏ အပြုအမူသည်လျောက်ပတ်ပေ၏။ သို့ရာတွင် ထိမ်းမြားမင်္ဂလာမပြုသူ၏အပြုအမူသည် ကားသာ၍ပင်လျောက်ပတ်၏။
39 ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။-
40 အကယ်၍ထိုအမျိုးသမီးသည်အိမ်ထောင်မပြု ဘဲနေပါက သာ၍မင်္ဂလာရှိ၏။ ဤကားငါ၏ ထင်မြင်ယူဆချက်ဖြစ်၏။ ငါသည်လည်းဘုရား သခင်၏ဝိညာဉ်တော်ကိုခံယူရရှိသူဖြစ် သည်ဟုယုံကြည်၏။