၁ ကော 8:6-12 BCL

6 ငါ​တို့​အ​ဖို့​မှာ​အ​ဖ​ခ​မည်း​တော်​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင်​ရှိ​တော်​မူ​၏။ ကိုယ် တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​၏။ ကိုယ်​တော်​၏​အ​ဖို့​ငါ​တို့​အ​သက် ရှင်​ကြ​၏။ ငါ​တို့​မှာ​အ​ရှင်​သ​ခင်​တစ်​ပါး တည်း​သာ​လျှင်​ရှိ​၏။ ထို​အ​ရှင်​သ​ခင်​ကား ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ထို​အ​ရှင်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဖန်​ဆင်း​ခြင်း ကို​ခံ​ကြ​ရ​၏။ ထို​အ​ရှင်​အား​ဖြင့်​ငါ​တို့ သည်​အ​သက်​ရှင်​ကြ​၏။

7 သို့​ရာ​တွင်​လူ​တိုင်း​ဤ​သစ္စာ​တ​ရား​ကို​သိ​ရှိ ကြ​သည်​မ​ဟုတ်။ အ​ချို့​သော​သူ​တို့​သည် ရုပ်​တု​ကို​ကိုး​ကွယ်​ခဲ့​သည့်​အ​တွက် ယ​ခု တိုင်​အောင်​ပင်​ရုပ်​တု​အား​ပူ​ဇော်​ပြီး​သော အ​စား​အ​စာ​ကို​စား​သော​အ​ခါ ရုပ်​တု​၏ အ​စား​အ​စာ​ဟု​မှတ်​ယူ​လျက်​စား​နေ​ကြ ၏။ ထို့​ကြောင့်​သူ​တို့​သည်​စိတ်​မ​သိုး​မ​သန့် ဖြစ်​ကာ ထို​အ​စား​အ​စာ​က​မိ​မိ​တို့​အား ညစ်​ညမ်း​စေ​သည်​ဟု​ထင်​မှတ်​ကြ​၏။-

8 အ​စား​အ​စာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ဋ္ဌိ​က​မ​ဟုတ်။ အ​စား​အ​စာ​ကို​မ​စား ဘဲ​နေ​လျှင်​ငါ​တို့​မှာ​အ​ရှုံး​မ​ရှိ။ စား​လျှင် လည်း​အ​မြတ်​မ​ရ။

9 သို့​ရာ​တွင်​သင်​တို့​ဤ​သို့​လွတ်​လပ်​စွာ​စား သောက်​နိုင်​ခွင့်​သည် ယုံ​ကြည်​မှု​အား​နည်း​သူ များ​အ​တွက်​မှောက်​မှား​စ​ရာ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။-

10 အ​ကယ်​၍​ဤ​ကိစ္စ​မျိုး​၌​စိတ်​မ​သိုး​မ​သန့် ဖြစ်​သူ​သည် ``အ​သိ​ပ​ညာ'' ရှိ​သူ​သင်​တို့​က နတ်​ကွန်း​အ​တွင်း​၌​ထိုင်​လျက်​စား​သောက်​နေ သည်​ကို​တွေ့​ရှိ​သော​အ​ခါ ရုပ်​တု​အား​ဆက်​သ သည့်​ပူ​ဇော်​သ​ကာ​ကို​စား​ရဲ​လာ​မည်​မ​ဟုတ် ပါ​လော။-

11 သို့​ဖြစ်​၍​အား​နည်း​သူ​ညီ​အစ်​ကို​အ​တွက် ခ​ရစ်​တော်​အ​သေ​ခံ​ခဲ့​ပါ​သော်​လည်း​သင် ၏ ``အ​သိ​ပ​ညာ'' ကြောင့်​ထို​သူ​သည်​ပျက်​စီး ရ​တော့​၏။-

12 ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ​တို့​ညီ​အစ်​ကို များ​အား​ပြစ်​မှား​၍ သူ​တို့​၏​သြတ္တပ္ပ​စိတ်​ကို လည်း​ထိ​ခိုက်​စေ​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ကို လည်း​ပြစ်​မှား​ရာ​ရောက်​သည်။-