၁ ကော 8:8-13 BCL

8 အ​စား​အ​စာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ဋ္ဌိ​က​မ​ဟုတ်။ အ​စား​အ​စာ​ကို​မ​စား ဘဲ​နေ​လျှင်​ငါ​တို့​မှာ​အ​ရှုံး​မ​ရှိ။ စား​လျှင် လည်း​အ​မြတ်​မ​ရ။

9 သို့​ရာ​တွင်​သင်​တို့​ဤ​သို့​လွတ်​လပ်​စွာ​စား သောက်​နိုင်​ခွင့်​သည် ယုံ​ကြည်​မှု​အား​နည်း​သူ များ​အ​တွက်​မှောက်​မှား​စ​ရာ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။-

10 အ​ကယ်​၍​ဤ​ကိစ္စ​မျိုး​၌​စိတ်​မ​သိုး​မ​သန့် ဖြစ်​သူ​သည် ``အ​သိ​ပ​ညာ'' ရှိ​သူ​သင်​တို့​က နတ်​ကွန်း​အ​တွင်း​၌​ထိုင်​လျက်​စား​သောက်​နေ သည်​ကို​တွေ့​ရှိ​သော​အ​ခါ ရုပ်​တု​အား​ဆက်​သ သည့်​ပူ​ဇော်​သ​ကာ​ကို​စား​ရဲ​လာ​မည်​မ​ဟုတ် ပါ​လော။-

11 သို့​ဖြစ်​၍​အား​နည်း​သူ​ညီ​အစ်​ကို​အ​တွက် ခ​ရစ်​တော်​အ​သေ​ခံ​ခဲ့​ပါ​သော်​လည်း​သင် ၏ ``အ​သိ​ပ​ညာ'' ကြောင့်​ထို​သူ​သည်​ပျက်​စီး ရ​တော့​၏။-

12 ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ​တို့​ညီ​အစ်​ကို များ​အား​ပြစ်​မှား​၍ သူ​တို့​၏​သြတ္တပ္ပ​စိတ်​ကို လည်း​ထိ​ခိုက်​စေ​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ကို လည်း​ပြစ်​မှား​ရာ​ရောက်​သည်။-

13 ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။