၁ ကော 9:12-18 BCL

12 သင်​တို့​ထံ​မှ​အ​ခြား​သူ​တို့​သည်​ဤ​သို့​ရ ပိုင်​ခွင့်​ရှိ​လျှင် ငါ​တို့​သည်​ပို​၍​ပင်​ရ​ပိုင်​ခွင့် ရှိ​သည်​မ​ဟုတ်​လော။သို့​သော်​ငါ​တို့​သည်​ထို​အ​ခွင့်​အ​ရေး​ကို မ​ယူ​ခဲ့​ကြ။ ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​ဆီး​အ​တား မ​ဖြစ်​စေ​ရန်​တွေ့​ကြုံ​ရ​သော​အ​ခက်​အ​ခဲ ရှိ​သ​မျှ​ကို​ရင်​ဆိုင်​သည်း​ခံ​ခဲ့​ကြ​၏။-

13 ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-

14 ထို​နည်း​တူ​စွာ​သတင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​သူ​တို့​သည်​လည်း သ​တင်း​ကောင်း အား​ဖြင့်​အ​သက်​မွေး​ရ​မည်​ဟူ​၍​သ​ခင် ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​၏။

15 သို့​ရာ​တွင်​ငါ​သည်​ထို​အ​ခွင့်​အ​ရေး​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ယူ​ခဲ့။ ထို​ကဲ့​သို့​သော​အ​ခွင့် ရေး​များ​ကို​တောင်း​ဆို​လို​သော​ကြောင့် ဤ​စာ ကို​ရေး​လိုက်​ခြင်း​လည်း​မ​ဟုတ်။ ဤ​သို့​တောင်း ဆို​ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​ပို​၍​ကောင်း​၏။-

16 ငါ​၏​ဝါ​ကြွား​မှု​ကို​အ​ချည်း​နှီး​ဖြစ်​စေ​ရန် ပြု​လုပ်​ခွင့်​ကို​မည်​သူ​အား​မျှ​ပေး​လိမ့်​မည် မ​ဟုတ်။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ​သည့် အ​တွက် ငါ့​မှာ​ဝါ​ကြွား​နိုင်​ခွင့်​မ​ရှိ။ ငါ​သည် အ​မိန့်​တော်​အ​ရ​ကြေ​ညာ​ခြင်း​ဖြစ်​သည်။ အ​ကယ်​၍​ထို​သ​တင်း​ကောင်း​ကို​မ​ကြေ ညာ​လျှင် ငါ​သည်​အ​ဘယ်​မျှ​အ​မင်္ဂ​လာ ရှိ​လိမ့်​မည်​နည်း။-

17 အ​ကယ်​၍​ငါ​သည်​အ​လုပ်​ကို​ငါ​၏​ဆန္ဒ အ​လျောက်​ရွေး​ချယ်​လုပ်​ကိုင်​ပါ​မူ အ​ခ​ကြေး ငွေ​ကို​စောင့်​မျှော်​နိုင်​ပေ​သည်။ သို့​ရာ​တွင်​ဤ အ​လုပ်​ကို​ဘု​ရား​သ​ခင်​ငါ့​အား​ပေး​အပ် ထား​သ​ဖြင့် ငါ​သည်​ဝတ္တ​ရား​အ​နေ​ဖြင့် လုပ်​ဆောင်​ရ​၏။-

18 သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ်​အ​ခ​ကြေး​ငွေ ခံ​စား​ရ​သ​နည်း။ ငါ​ခံ​စား​ရ​သည့်​အ​ကျိုး မှာ​သ​တင်း​ကောင်း​ကို​အ​ခ​ကြေး​ငွေ​မ​ယူ ဘဲ​ဟော​ပြော​ခွင့်​နှင့် ထို​သို့​ဟော​ပြော​သည့် အ​တွက် ရ​ပိုင်​ခွင့်​များ​ကို​မ​တောင်း​ဆို​ဘဲ နေ​နိုင်​ခွင့်​တို့​ပင်​ဖြစ်​၏။