၁ ကော 9:5-11 BCL

5 ပေ​တ​ရု​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​ဘု​ရား ၏​ညီ​တော်​များ​နှင့်​အ​ခြား​တ​မန်​တော်​များ ကဲ့​သို့​လည်း​ကောင်း ငါ​သည်​ခ​ရီး​သွား​ရာ​၌ ယုံ​ကြည်​သူ​ဇ​နီး​ကို​ခေါ်​ဆောင်​သွား​ပိုင် ခွင့်​မ​ရှိ​သ​လော။-

6 ငါ​နှင့်​ဗာ​န​ဗ​တို့​သာ​လျှင်​မိ​မိ​တို့​စား​ဝတ် နေ​ရေး​အ​တွက် အ​လုပ်​လုပ်​ရ​မည်​လော။ အ​ဘယ် စစ်​သား​သည်​မိ​မိ​၏​စ​ရိတ်​နှင့်​အ​မှု​ထမ်း​ရ သ​နည်း။-

7 အ​ဘယ်​ဥ​ယျာဉ်​မှူး​သည်​မိ​မိ​စိုက်​ပျိုး​သည့် စ​ပျစ်​ဥ​ယျာဉ်​မှ စ​ပျစ်​သီး​ကို​မ​စား​ဘဲ​နေ သ​နည်း။ အ​ဘယ်​သိုး​ထိန်း​သည်​မိ​မိ​ထိန်း ကျောင်း​ရ​သည့်​သိုး​များ​မှ​နို့​ကို​မ​သုံး ဆောင်​ဘဲ​နေ​သ​နည်း။

8 ယ​ခု​ဖော်​ပြ​သည့်​ဥ​ပ​မာ​များ​သာ​မ​က၊ ပ​ညတ်​ကျမ်း​က​လည်း​ဤ​အ​တိုင်း​ပင်​ထောက် ခံ​ပေ​သည်။-

9 မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင် ``စ​ပါး​နယ်​သည့် နွား​ကို​ပါး​ချုပ်​တတ်​၍​မ​ထား​ရ'' ဟု​ပါ​ရှိ​၏။ ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ဘု​ရား​သ​ခင်​သည် နွား​အ​တွက်​မိန့်​တော်​မူ​သ​လော။-

10 ငါ​တို့​အ​တွက်​အ​ကယ်​ပင်​မိန့်​တော်​မူ​ခြင်း မ​ဟုတ်​လော။ အ​ကယ်​ပင်​ငါ​တို့​အ​တွက်​ရေး သား​ထား​ခြင်း​ဖြစ်​သည်။ လယ်​ထွန်​သော​သူ နှင့်​ရိတ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​၏​ဝေ စု​ကို​မျှော်​လင့်​လျက်​လုပ်​ကိုင်​ကြ​ရာ​၏။-

11 ငါ​တို့​သည်​သင်​တို့​၌​ဋ္ဌမ္မ​မျိုး​စေ့​ကို​စိုက်​ပျိုး ခဲ့​ပြီး​နောက် သင်​တို့​ထံ​မှ​ရုပ်​ပိုင်း​ဆိုင်​ရာ အ​ကျိုး​ကျေး​ဇူး​များ​ကို​ရိတ်​သိမ်း​ကြ​လျှင် ငါ​တို့​လွန်​ရာ​ကျ​မည်​လော။-