၁ တိ 1:8-15 BCL

8 ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

9 သို့​ရာ​တွင်​တ​ရား​ဥ​ပ​ဒေ​များ​ကို​လူ​ကောင်း တို့​အ​တွက်​မ​ဟုတ်။ တ​ရား​လက်​လွတ်​စည်း​မဲ့ ကမ်း​မဲ့​ကျင့်​ကြံ​သူ​များ၊ ပြစ်​မှု​ကူး​လွန်​သူ များ၊ ဘု​ရား​ကို​မ​ကြည်​ညို​သူ​များ၊ အ​ပြစ် ကူး​သူ​များ၊ ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု မ​ရှိ​သူ​များ၊ အ​ဖ​ကို​သတ်​သူ​များ​နှင့် အ​မိ​ကို​သတ်​သူ​များ၊ သူ​သတ်​သ​မား​များ၊-

10 အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။-

11 ဤ​သွန်​သင်​ချက်​သည်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့် ဝ​၍ မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တော်​မှ​လာ​သည့်​သ​တင်း​ကောင်း​အ​တိုင်း​ဖြစ် ပေ​သည်။ ထို​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​၏။

12-13 ငါ​သည်​ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင်​ရန် ငါ့​အား​ခွန်​အား​ကို​ပေး​တော်​မူ​သော ငါ​တို့ အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ ငါ​သည်​ယ​ခင်​က​ကိုယ်​တော်​အား ပုတ်​ခတ်​ပြော​ဆို​ခဲ့​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ၊ စော်​ကား​ခဲ့​သူ​ဖြစ်​သော်​လည်း​ကိုယ်​တော်​သည် ငါ့​အား​ထိုက်​တန်​သူ​ဟု​မှတ်​ယူ​တော်​မူ​လျက် ဤ​အ​လုပ်​တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​သော ကြောင့်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သူ​မ​ဟုတ်​သ​ဖြင့် မ​သိ​နား​မ​လည် သည့်​အ​တွက် ယင်း​သို့​ပြု​ကျင့်​မိ​ခဲ့​ခြင်း​ဖြစ်​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ငါ့​အား​က​ရု​ဏာ ထား​တော်​မူ​ပေ​သည်။-

14 ငါ​တို့​သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကြွယ်​ဝ​သော ကျေး​ဇူး​တော်​ကို​ငါ့​အ​ပေါ်​သို့​သွန်း​လောင်း တော်​မူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ငါ​တို့​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​ကို​ငါ့​အား ပေး​တော်​မူ​၏။-

15 ဤ​လော​က​သို့​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော် မူ​သည်​မှာ​အ​ပြစ်​ကူး​သူ​တို့​အား ကယ်​တင်​ရန် ဖြစ်​၏​ဟူ​သော​စကား​သည်​သစ္စာ​စ​ကား​ဖြစ်​၍ ခြွင်း​ချက်​မ​ရှိ​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။ ငါ သည်​အ​ပြစ်​ကူး​သူ​တို့​တွင်​အ​ဆိုး​ဆုံး​ဖြစ်​၏။-