၁ တိ 2:6-12 BCL

6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ကယ်​တင် တော်​မူ​ရန်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။ ဤ​ကား အ​ချိန်​သင့်​သော​အ​ခါ​လူ​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ ကြောင်း​သက်​သေ​ပြ​ခြင်း​ပင်​ဖြစ်​သ​တည်း။-

7 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​တ​မန်​တော် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​၏ ဆ​ရာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း တ​ရား​နှင့်​သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော သွန်​သင်​ရန်​ခန့်​ထား​တော်​မူ​၏။ ငါ​သည်​မု​သား စ​ကား​ကို​ပြော​နေ​သည်​မ​ဟုတ်။ မှန်​သော စ​ကား​ကို​ပြော​နေ​ခြင်း​ဖြစ်​သည်။

8 ကိုး​ကွယ်​ဝတ်​ပြု​ရန်​စု​ဝေး​သည့်​အ​ခါ​တိုင်း ၌​အ​မျိုး​သား​တို့​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု စေ​လို​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ပြီး​လျှင်​အ​မျက် ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​သ​ဘော​မ​ရှိ​ဘဲ လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ ကြ​မည်။-

9 အ​မျိုး​သ​မီး​တို့​အား​လည်း​လျောက်​ပတ် တင့်​တယ်​စွာ​ဝတ်​စား​ဆင်​ယင်​ကြ​စေ​လို​၏။ ဆံ​ပင်​ကို​အ​လှ​ထုံး​ခြင်း၊ ရွှေ၊ ပု​လဲ​သို့ မ​ဟုတ်​အ​ဖိုး​ထိုက်​သည့်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​ခြင်း​တို့​ကို​မ​ပြု​သင့်​ကြ။-

10 သူ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​များ ပြု​သင့်​သည့်​အ​တိုင်း ကောင်း​မြတ်​သော​အ​ကျင့် များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​တန်​ဆာ​ဆင်​ကြ ရ​၏။-

11 အ​မျိုး​သ​မီး​တို့​သည်​ကျိုး​နွံ​စွာ​ဆိတ်​ဆိတ် သင်​ယူ​ကြ​စေ။-

12 သွန်​သင်​မှု​ကို​သော်​လည်း​ကောင်း၊ အ​မျိုး​သား တို့​အ​ပေါ်​တွင်​အာ​ဏာ​ပြ​မှု​ကို​သော်​လည်း ကောင်း အ​မျိုး​သ​မီး​တို့​အား​ငါ​ခွင့်​မ​ပြု။ သူ​တို့​သည်​တိတ်​ဆိတ်​စွာ​နေ​ရ​မည်။-