၁ တိ 2:8-14 BCL

8 ကိုး​ကွယ်​ဝတ်​ပြု​ရန်​စု​ဝေး​သည့်​အ​ခါ​တိုင်း ၌​အ​မျိုး​သား​တို့​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု စေ​လို​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ပြီး​လျှင်​အ​မျက် ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​သ​ဘော​မ​ရှိ​ဘဲ လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ ကြ​မည်။-

9 အ​မျိုး​သ​မီး​တို့​အား​လည်း​လျောက်​ပတ် တင့်​တယ်​စွာ​ဝတ်​စား​ဆင်​ယင်​ကြ​စေ​လို​၏။ ဆံ​ပင်​ကို​အ​လှ​ထုံး​ခြင်း၊ ရွှေ၊ ပု​လဲ​သို့ မ​ဟုတ်​အ​ဖိုး​ထိုက်​သည့်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​ခြင်း​တို့​ကို​မ​ပြု​သင့်​ကြ။-

10 သူ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​များ ပြု​သင့်​သည့်​အ​တိုင်း ကောင်း​မြတ်​သော​အ​ကျင့် များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​တန်​ဆာ​ဆင်​ကြ ရ​၏။-

11 အ​မျိုး​သ​မီး​တို့​သည်​ကျိုး​နွံ​စွာ​ဆိတ်​ဆိတ် သင်​ယူ​ကြ​စေ။-

12 သွန်​သင်​မှု​ကို​သော်​လည်း​ကောင်း၊ အ​မျိုး​သား တို့​အ​ပေါ်​တွင်​အာ​ဏာ​ပြ​မှု​ကို​သော်​လည်း ကောင်း အ​မျိုး​သ​မီး​တို့​အား​ငါ​ခွင့်​မ​ပြု။ သူ​တို့​သည်​တိတ်​ဆိတ်​စွာ​နေ​ရ​မည်။-

13 အာ​ဒံ​ကို​ဦး​စွာ​ဖန်​ဆင်း​တော်​မူ​ပြီး​မှ​ဧ​ဝ ကို​ဖန်​ဆင်း​တော်​မူ​ပေ​သည်။-

14 လှည့်​စား​ခြင်း​ကို​ခံ​ရ​သူ​မှာ​လည်း​အာ​ဒံ မ​ဟုတ်။ အ​မျိုး​သ​မီး​သာ​လျှင်​လှည့်​စား​ခြင်း ကို​ခံ​ရ​၍​ဘု​ရား​သခင်​၏​ပ​ညတ်​တော်​ကို ချိုး​ဖောက်​ပေ​သည်။-