၁ ပေ 1:13-19 BCL

13 သို့​ဖြစ်​၍​သင်​တို့​နိုး​ကြား​၍ သမ္မာ​သ​တိ​ရှိ ကြ​လော့။ ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော အ​ခါ သင်​တို့​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို အ​ဆုံး​တိုင်​အောင်​မျှော်​လင့်​လျက်​နေ​ကြ​လော့။-

14 ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင်​၍​မ​သိ နား​မ​လည်​စဉ်​အ​ခါ​က မိ​မိ​တို့​၏​စိတ်​ဆန္ဒ ရှိ​သည့်​အ​လျောက်​ပြု​ကျင့်​သ​ကဲ့​သို့​ဆက် လက်​မ​ပြု​ကျင့်​ကြ​နှင့်။-

15 သင်​တို့​အား​ရွေး​ကောက်​တော်​မူ​သော​အ​ရှင် သည်​မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ သို့​ဖြစ်​၍ သင်​တို့​ပြု​ကျင့်​သ​မျှ​တို့​သည်​မြင့်​မြတ် သန့်​ရှင်း​ရ​မည်။-

16 ``ငါ​သည်​မြင့်​မြတ်​သန့်​ရှင်း​သည်​ဖြစ်​၍​သင် တို့​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း​ရ​မည်'' ဟူ သော​ကျမ်း​စ​ကား​ကို​အောက်​မေ့​ကြ​လော့။

17 ထို့​အ​ပြင်​လူ​ခပ်​သိမ်း​တို့​အား​မျက်​နှာ​ကြီး ငယ်​မ​လိုက်​ဘဲ​သူ​တို့​၏​အ​ကျင့်​အ​လျောက် တ​ရား​စီ​ရင်​တော်​မူ​တတ်​သော​ဘု​ရား​သ​ခင် ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သင် တို့​သည်​ကိုယ်​တော်​အား​အ​ဖ​ဟု​ခေါ်​လျက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ဤ လော​က​တွင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး​ထို​အ​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။-

18 မိ​မိ​တို့​ဘိုး​ဘေး​များ​ထံ​မှ​ဆက်​ခံ​ရ​ရှိ သော​အ​ချည်း​နှီး​သော​ဘ​ဝ​မှ​အ​ဘယ်​သို့ အ​ဖိုး​အ​ခ​ပေး​၍ သင်​တို့​အား​လွတ်​မြောက် စေ​ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ဖိုး အ​ခ​သည်​ရွှေ၊ ငွေ​အ​စ​ရှိ​သည့်​ဖောက်​ပြန် ပျက်​စီး​တတ်​သော​အ​ရာ​မ​ဟုတ်။-

19 အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​စင်​သည့်​သိုး​သူ​ငယ် နှင့်​တူ​သော​ခ​ရစ်​တော်​၏​အ​သက်​တော်​ကို တင်​လှူ​ပူ​ဇော်​ခြင်း​ဖြစ်​ပေ​သည်။-