၁ ပေ 1:1-2-6 BCL

1-2 သ​ခင်​ယေ​ရှု​ခ​ရစ်​၏​တ​မန်​တော်​ပေ​တ​ရု​ထံ မှ​ပုန္တု​ပြည်၊ ဂ​လာ​တိ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ အာ​ရှိ​ပြည်​နှင့်​ဗိ​သု​နိ​ပြည်​တို့​တွင်​ဧည့်​သည် အာ​ဂန္တု​အ​ဖြစ်​နှင့်​ပျံ့​နှံ့​နေ​ထိုင်​လျက်​ရှိ​ကြ သော​ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​သည့် လူ​စု​တော်​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သ​ခင် ယေ​ရှု​၏​စ​ကား​တော်​ကို​နား​ထောင်​၍​ကိုယ် တော်​၏​သွေး​တော်​အား​ဖြင့်​အ​ပြစ်​များ​မှ ပြေ​လွတ်​ကြ​စေ​ရန်​ခ​မည်း​တော်​ဘု​ရား သ​ခင်​သည်​အ​ကြံ​အ​စည်​တော်​အ​ရ​သင် တို့​ကို​ရွေး​ချယ်​တော်​မူ​၏။ ဝိ​ညာဉ်​တော် အား​ဖြင့်​လည်း​သင်​တို့​ကို​သန့်​ရှင်း​မြင့် မြတ်​စေ​တော်​မူ​၏။သင်​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​မှ ကျေး​ဇူး တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ကြွယ်​ဝ​စွာ​ခံ​စား ရ​ကြ​ပါ​စေ​သ​တည်း။

3 ငါ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ကုန်​စို့။ ကိုယ်​တော်​သည်​မ​ဟာ က​ရု​ဏာ​တော်​ကြောင့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထြေမာက်​စေ​တော်​မူ ခြင်း​အား​ဖြင့် ငါ​တို့​အား​ဘ​ဝ​သစ်​ကို​ပေး တော်​မူ​သ​ဖြင့်​စိတ်​ချ​ရ​သော​မျှော်​လင့် ခြင်း​ကို​ရ​ရှိ​စေ​တော်​မူ​၏။-

4 သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု တော်​အ​တွက် ဘု​ရား​သ​ခင်​လျာ​ထား​တော် မူ​သော​ကောင်း​ချီး​မင်္ဂလာ​များ​ကို​ခံ​စား​နိုင် ရန်​မျှော်​မှန်း​ကြ​ပေ​သည်။ ကိုယ်​တော်​သည် ထို​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ကောင်း​ကင် ဘုံ​တွင် သင်​တို့​အ​ဖို့​လျာ​ထား​တော်​မူ​၏။ ယင်း​တို့​သည်​ယို​ယွင်း​ပျက်​စီး​မှေး​မှိန်​၍ မ​သွား​နိုင်။-

5 သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​များ ဖြစ်​သည့်​အ​လျောက် အ​ဆုံး​စွန်​သော​ကာ​လ​၌ ပေါ်​လွင်​ထင်​ရှား​ရန်​အ​သင့်​ရှိ​သည့်​ကယ်​တင် ခြင်း​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ချိန်​တိုင်​အောင် ကိုယ်​တော်​သည်​သင်​တို့​အား​တန်​ခိုး​တော်​ဖြင့် စောင့်​ထိန်း​လျက်​ထား​တော်​မူ​၏။

6 သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး တို့​ကြောင့် ယ​ခု​ခ​ဏ​မျှ​ဝမ်း​နည်း​ရ​ကြ သော်​လည်း အ​ထက်​ဖော်​ပြ​ပါ​အ​ကြောင်း ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-