1-2 သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။
3 ငါတို့သည်ငါတို့အရှင်သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြကုန်စို့။ ကိုယ်တော်သည်မဟာ ကရုဏာတော်ကြောင့်သခင်ယေရှုခရစ် ကိုသေခြင်းမှရှင်ပြန်ထြေမာက်စေတော်မူ ခြင်းအားဖြင့် ငါတို့အားဘဝသစ်ကိုပေး တော်မူသဖြင့်စိတ်ချရသောမျှော်လင့် ခြင်းကိုရရှိစေတော်မူ၏။-
4 သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏လူစု တော်အတွက် ဘုရားသခင်လျာထားတော် မူသောကောင်းချီးမင်္ဂလာများကိုခံစားနိုင် ရန်မျှော်မှန်းကြပေသည်။ ကိုယ်တော်သည် ထိုကောင်းချီးမင်္ဂလာများကိုကောင်းကင် ဘုံတွင် သင်တို့အဖို့လျာထားတော်မူ၏။ ယင်းတို့သည်ယိုယွင်းပျက်စီးမှေးမှိန်၍ မသွားနိုင်။-
5 သင်တို့သည်ဘုရားသခင်ကိုယုံကြည်သူများ ဖြစ်သည့်အလျောက် အဆုံးစွန်သောကာလ၌ ပေါ်လွင်ထင်ရှားရန်အသင့်ရှိသည့်ကယ်တင် ခြင်းကျေးဇူးတော်ကိုခံစားရချိန်တိုင်အောင် ကိုယ်တော်သည်သင်တို့အားတန်ခိုးတော်ဖြင့် စောင့်ထိန်းလျက်ထားတော်မူ၏။
6 သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုး တို့ကြောင့် ယခုခဏမျှဝမ်းနည်းရကြ သော်လည်း အထက်ဖော်ပြပါအကြောင်း ကြောင့်ရွှင်လန်းဝမ်းမြောက်ကြလော့။-
7 ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
8 သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-