၁ ပေ 1:4-10 BCL

4 သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု တော်​အ​တွက် ဘု​ရား​သ​ခင်​လျာ​ထား​တော် မူ​သော​ကောင်း​ချီး​မင်္ဂလာ​များ​ကို​ခံ​စား​နိုင် ရန်​မျှော်​မှန်း​ကြ​ပေ​သည်။ ကိုယ်​တော်​သည် ထို​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ကောင်း​ကင် ဘုံ​တွင် သင်​တို့​အ​ဖို့​လျာ​ထား​တော်​မူ​၏။ ယင်း​တို့​သည်​ယို​ယွင်း​ပျက်​စီး​မှေး​မှိန်​၍ မ​သွား​နိုင်။-

5 သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​များ ဖြစ်​သည့်​အ​လျောက် အ​ဆုံး​စွန်​သော​ကာ​လ​၌ ပေါ်​လွင်​ထင်​ရှား​ရန်​အ​သင့်​ရှိ​သည့်​ကယ်​တင် ခြင်း​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ချိန်​တိုင်​အောင် ကိုယ်​တော်​သည်​သင်​တို့​အား​တန်​ခိုး​တော်​ဖြင့် စောင့်​ထိန်း​လျက်​ထား​တော်​မူ​၏။

6 သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး တို့​ကြောင့် ယ​ခု​ခ​ဏ​မျှ​ဝမ်း​နည်း​ရ​ကြ သော်​လည်း အ​ထက်​ဖော်​ပြ​ပါ​အ​ကြောင်း ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-

7 ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​ကို​ခံ​ရ​ခြင်း မှာ​ဘု​ရား​သ​ခင်​အား​အ​ကယ်​ပင်​သင်​တို့ ယုံ​ကြည်​ကိုး​စား​မှု​ရှိ​မ​ရှိ​ကို​စစ်​ဆေး​ရန် ဖြစ်​၏။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ရွှေ​ကို ပင်​လျှင် အ​ရည်​ကျို​၍​စစ်​တမ်း​တင်​ရ​သည် ဖြစ်​ရာ​ရွှေ​ထက်​များ​စွာ​ပို​မို​အ​ဖိုး​ထိုက် သည့် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လည်း တည်​တံ့​ခိုင်​မြဲ​စေ​ရန်​စစ်​တမ်း​တင်​ရ​မည်။ သို့​မှ​သာ​လျှင်​သင်​တို့​သည်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​ချိန်​၌​ဂုဏ်​ပြု​ချီး ကူး​ခြင်း​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ နိုင်​ကြ​ပေ​လိမ့်​မည်။-

8 သင်​တို့​သည်​ခ​ရစ်​တော်​ကို​မ​မြင်​ဘူး​သော် လည်း​ချစ်​ကြ​၏။ ယ​ခု​မ​တွေ့​မ​မြင်​ရ​သော် လည်း​သင်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​နှုတ်​ဖြင့်​မ​ဖော် ပြ​နိုင်​အောင်​လွန်​စွာ​ဘုန်း​ကြီး​သော​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​၏။-

9 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​သ​ခင် ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​၏​အ​ကျိုး​ကြောင့် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​နေ​ရ​ကြ​ပြီ​ဖြစ် သော​ကြောင့်​တည်း။

10 ပ​ရော​ဖက်​များ​သည်​ယင်း​ကယ်​တင်​ခြင်း​နှင့် ပတ်​သက်​၍​အ​သေ​အ​ချာ​စုံ​စမ်း​ရှာ​ဖွေ​ခဲ့ ကြ​၏။ သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​မည့်​ဤ​ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ဟော ကြား​ခဲ့​ကြ​၏။-