12 မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။
13 သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ လူအာဏာပိုင်ရှိသမျှတို့၏အုပ်စိုးခြင်း ကိုဝန်ခံကြလော့။ ဘုရင်ဧကရာဇ်မင်းအား အချုပ်အခြာအာဏာပိုင်အဖြစ်ဖြင့်လည်း ကောင်း၊-
14 ဘုရင်ခံများအားလူဆိုးတို့ကိုအပြစ်ပေး ရန်နှင့်၊ လူကောင်းတို့ကိုချီးမြှင့်ရန်ဘုရင် ဧကရာဇ်ခန့်ထားသောသူများအဖြစ်ဖြင့် လည်းကောင်းလက်ခံကြလော့။-
15 သင်တို့သည်မိမိတို့၏အကျင့်ကောင်းအားဖြင့် အသိဉာဏ်ကင်းမဲ့သည့်လူမိုက်တို့၏နှုတ်ကို ပိတ်ရန်ဘုရားသခင်အလိုတော်ရှိတော်မူ၏။-
16 သင်တို့သည်လွတ်လပ်သူများအနေဖြင့်ပြုမူ နေထိုင်ကြလော့။ သို့ရာတွင်ဆိုးညစ်မှု၊ တစ်စုံ တစ်ရာကိုဖုံးကွယ်ရန်အတွက်မိမိတို့၏ လွတ်လပ်မှုကိုအသုံးမပြုကြနှင့်။ သို့ရာ တွင်သင်တို့သည်ဘုရားသခင်၏ကျွန်များ အဖြစ်ဖြင့်ပြုမူနေထိုင်ကြလော့။-
17 ခပ်သိမ်းသောသူတို့ကိုလေးစားကြလော့။ ယုံကြည် သူတို့ကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ ကြလော့။ ဘုရင်ဧကရာဇ်မင်းအားရိုသေကြလော့။
18 အစေခံတို့၊ သင်တို့သည်မိမိတို့သခင်များ၏ အုပ်စိုးခြင်းကိုဝန်ခံရကြမည်။ စိတ်ကောင်းရှိ၍ ညှာတာထောက်ထားတတ်သောသခင်များကို သာမဟုတ်၊ ကြမ်းယုတ်သောသခင်တို့ကို လည်းအလွန်ကြောက်ရွံ့ရိုသေကြလော့။-