၁ ပေ 2:3-9 BCL

3 ကျမ်း​စာ​တော်​က``ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ကြင်​နာ​တော်​မူ​တတ်​ကြောင်း​ကို သင်​တို့​ကိုယ်​တိုင်​သိ​ရှိ​ကြ​၏'' ဟု​ဆို​သည် နှင့်​အ​ညီ​ဖြစ်​၏။

4 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ထံ​တော် သို့​လာ​ကြ​လော့။ ထို​သ​ခင်​သည်​သက်​ရှိ​ကျောက် ဖြစ်​တော်​မူ​၏။ ထို​ကျောက်​သည်​အ​ဖိုး​မ​တန် ဟု​ဆို​၍ လူ​တို့​ပစ်​ပယ်​ခံ​ရ​သော်​လည်း​ဘု​ရား သ​ခင်​၏​ရွေး​ချယ်​ခံ​အ​ဖိုး​တန်​ကျောက်​ဖြစ် တော်​မူ​၏။-

5 သင်​တို့​သည်​သက်​ရှိ​ကျောက်​များ​အ​ဖြစ် ကိုယ်​တော်​ထံ​သို့​လာ​၍ ဗိ​မာန်​တော်​တည် ဆောက်​ရေး​တွင်​ပါ​ဝင်​အ​သုံး​ခံ​ကြ​လော့။ ထို​ဝိ​ညာဉ်​ဗိ​မာန်​တော်​တွင်​သင်​တို့​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​ဝိ​ညာဉ် ယဇ်​ကို​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပူ​ဇော် သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယဇ်​ပု​ရော ဟိတ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​လိမ့်​မည်။-

6 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင်``ငါ​သည်​အ​ဖိုး​တန်​ကျောက်​တစ်​လုံး​ကို ရွေး​ချယ်​၍၊ဇိ​အုန်​တောင်​ပေါ်​မှာ​ထောင့်​ချုပ်​ကျောက်​အ​ဖြစ် ချ​ထား​၏။မည်​သူ​မ​ဆို​ထို​အ​ရှင်​ကို​ယုံ​ကြည်​လျှင် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်''ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​ဖြစ်​၏။

7 ယုံ​ကြည်​သူ​တို့​အ​ဖို့​ထို​ကျောက်​သည်​တန်​ဖိုး ရှိ​၏။ မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ၊``တိုက်​တည်​ဆောက်​သူ​တို့​ပယ်​ထား​သော ကျောက်​သည်အ​ရေး​ကြီး​သော​ထောင့်​ကျောက်​ဖြစ်​လာ​ရ​၏''ဟု​ဖော်​ပြ​၏။

8 အ​ခြား​ကျမ်း​တစ်​ပုဒ်​တွင်၊``ထို​ကျောက်​သည်​လူ​တို့​အား​ခ​လုတ်​ထိ​စေ​၍ ပြို​လဲ​စေ​သော​ကျောက်​ဖြစ်​၏''ဟု​ဖော်​ပြ​ပါ​ရှိ​၏။ သူ​တို့​သည်​နှုတ်​က​ပတ်​တော် ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့်​ခ​လုတ်​ထိ​ရ​ကြ​၏။ ဤ​ကား​ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ပင်​ဖြစ်​သ​တည်း။

9 သို့​ရာ​တွင်​သင်​တို့​သည်​အ​ရွေး​ခံ​လူ​မျိုး​ဖြစ် ၏။ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ၊ သန့်​ရှင်း​မြင့် မြတ်​သည့်​လူ​မျိုး၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ သော​လူ​မျိုး​ဖြစ်​ကြ​၏။ ယင်း​သို့​ရွေး​ချယ်​တော် မူ​ခြင်း​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​ပြု​တော် မူ​သော​အံ့​ဖွယ်​ကောင်း​သည့်​အ​မှု​အ​ရာ​များ ကို​ဖော်​ပြ​ကြေ​ညာ​နိုင်​စေ​ခြင်း၊ ဘု​ရား​သ​ခင် သည်​သင်​တို့​အား​အ​မှောင်​ထဲ​မှ​အံ့​ဖွယ်​ရာ အ​လင်း​ထဲ​သို့​ခေါ်​ယူ​တော်​မူ​ပေ​သည်။-