၁ ယော 1:3-9 BCL

3 ငါ​တို့​သည်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​နှင့်​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ကြ​သည်​ဖြစ်​ရာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​အ​တူ​ထို​မိတ် သ​ဟာ​ယ​တွင်​ပါ​ဝင်​ခွင့်​ကို​ရ​ရှိ​ကြ​စေ​ရန် ငါ​တို့​တွေ့​မြင်​ကြား​သိ​ခဲ့​ရ​သည့်​အ​မှု အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​၏။-

4 ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​အ​ပြည့် အ​ဝ​ခံ​စား​နိုင်​ကြ​စေ​ရန် ဤ​အ​ကြောင်း အ​ရာ​များ​ကို​စာ​ရေး​လိုက်​သည်။

5 ဘု​ရား​သ​ခင်​သည်​အ​လင်း​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၌​အ​မှောင်​လုံး​ဝ​မ​ရှိ​ဟူ​သော တ​ရား​စ​ကား​ကို ငါ​တို့​သည်​ကိုယ်​တော်​၏ သား​တော်​ထံ​မှ​ကြား​သိ​ရ​သ​ဖြင့်​သင်​တို့ အား​ကြေ​ညာ​၏။-

6 သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​နှင့်​မိတ်​သ​ဟာ ယ​ဖွဲ့​ရ​ကြ​လေ​ပြီ​ဟု​ဆို​လျက် အ​မှောင်​တွင် ကျင်​လည်​နေ​ကြ​ပါ​မူ​နှုတ်​အား​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း​လိမ်​လည် သူ​များ​ဖြစ်​ကြ​၏။-

7 သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လင်း​တွင်​ရှိ​တော် မူ​သ​ကဲ့​သို့ ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည် ကြ​ပါ​မူ အ​ချင်း​ချင်း​တစ်​ယောက်​နှင့်​တစ်​ယောက် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​ကြ​၏။ ဘု​ရား​သ​ခင် ၏​သား​တော်​သ​ခင်​ယေ​ရှု​၏​သွေး​တော်​သည် လည်း​ငါ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​ဆေး​ကြော စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။

8 ငါ​တို့​သည်​အ​ပြစ်​သား​များ​မ​ဟုတ်​ဟု​ဆို ပါ​မူ ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လှည့်​စား ကြ​၏။ ငါ​တို့​၌​သစ္စာ​တ​ရား​မ​ရှိ။-

9 သို့​ရာ​တွင်​အ​ပြစ်​ဝန်​ချ​ကြ​လျှင်​ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​၍​တ​ရား​မျှ​တ တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​တို့ ၏​အြုပစ်​များ​ကို​ဖြေ​လွှတ်​၍​ငါ​တို့​အား ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​တော်​မူ​လိမ့်​မည်။-