၁ ယော 2:11-17 BCL

11 သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

12 သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​အ​တွက် ကြောင့်​အ​ပြစ်​လွတ်​ပြီ​ဖြစ်​၍​သင်​တို့​ထံ​ငါ စာ​ရေး​လိုက်​၏။-

13 အ​ဖ​တို့၊ သင်​တို့​သည်​အ​စ​က​ပင်​ရှိ​တော်​မူ သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ လူ​ငယ် လူ​ရွယ်​တို့၊ သင်​တို့​သည်​မာရ်​နတ်​ကို​အောင် သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။

14 သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​မည်း​တော် ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့်​သင်​တို့​ထံ​သို့ ငါ​စာ​ရေး​လိုက်​၏။ သင်​တို့​သည်​အ​စ​က​ပင် ရှိ​တော်​မူ​သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ် သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက် ၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည်​ခွန်​အား ရှိ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​တွင်​ကိန်း​အောင်း​လျက်၊ မာရ်​နတ်​ကို အောင်​သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး လိုက်​၏။

15 သင်​တို့​သည်​လော​က​ကို​သော်​လည်း​ကောင်း၊ လော ကီ​အ​ရာ​များ​ကို​သော်​လည်း​ကောင်း​မ​ချစ်​ကြ နှင့်။ လော​က​ကို​ချစ်​သော​သူ​သည်​ခ​မည်း​တော် ကို​မ​ချစ်။-

16 ကာ​ယ​တပ်​မက်​စွဲ​လန်း​သော​အ​ရာ​များ၊ မျက်​စိ ဖြင့်​မြင်​၍​လို​ချင်​တပ်​မက်​သော​အ​ရာ​များ၊ ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​များ​အ​စ​ရှိ​သော​လော​ကီ အ​ရာ​ရှိ​သ​မျှ​တို့​သည်​ခ​မည်း​တော်​နှင့် မ​သက်​ဆိုင်။ လော​က​နှင့်​သာ​သက်​ဆိုင်​၏။-

17 လော​က​နှင့်​တ​ကွ​လူ​တို့​တပ်​မက်​သော​အ​ရာ များ​သည်​ရွေ့​လျား​ကွယ်​ပျောက်​လျက်​နေ​လေ​ပြီ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​ဆောင် ရွက်​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​မြဲ​တည်​လိမ့် မည်။