၁ ယော 2:22-28 BCL

22 ထို့​ကြောင့်​အ​ဘယ်​သူ​သည်​မု​သား​စ​ကား​ကို ပြော​သ​နည်း။ သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ မ​ဟုတ်​ဟု​ပြော​ဆို​သူ​သည်​မု​သား​စ​ကား ကို​ပြော​၏။ ထို​ကဲ့​သို့​သော​သူ​သည်​ခ​ရစ်​တော် ၏​ရန်​သူ​ဖြစ်​၏။ သူ​သည်​ခ​မည်း​တော်​နှင့် သား​တော်​ကို​ပစ်​ပယ်​သူ​ဖြစ်​၏။-

23 သား​တော်​ကို​ပစ်​ပယ်​သူ​သည်​ခ​မည်း​တော်​ကို လည်း​ပစ်​ပယ်​သူ​ဖြစ်​၏။ သား​တော်​ကို​လက်​ခံ သူ​သည်​ခ​မည်း​တော်​ကို​လည်း​လက်​ခံ​သူ ဖြစ်​၏။

24 သို့​ဖြစ်​၍​သင်​တို့​သည်​အ​စ​က​ပင်​ကြား​နာ​ခဲ့ ကြ​သည့်​တ​ရား​တော်​ကို​မိ​မိ​တို့​၏​စိတ်​နှ​လုံး တွင်​ထိန်း​သိမ်း​ထား​ကြ​လော့။ ယင်း​သို့​ပြု​ပါ​မူ သင်​တို့​သည်​သား​တော်​နှင့်​လည်း​ကောင်း၊ ခ​မည်း တော်​နှင့်​လည်း​ကောင်း​ထာ​ဝ​စဉ်​တစ်​လုံး​တစ်​ဝ တည်း​တည်​ရှိ​ကြ​လိမ့်​မည်။-

25 ဤ​ကား​ငါ​တို့​အား​ခ​ရစ်​တော်​ကိုယ်​တော်​တိုင် က​တိ​ထား​တော်​မူ​သော​ထာ​ဝ​ရ​အသက် ပေ​တည်း။

26 သင်​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​ရန်​ကြိုး​စား သူ​တို့​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း အ​ရာ​များ​ကို​ငါ​စာ​ရေး​လိုက်​၏။-

27 သင်​တို့​မူ​ကား​ခ​ရစ်​တော်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို​သင်​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ ပြီ။ ဝိ​ညာဉ်​တော်​သည်​သင်​တို့​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​လျက်​နေ​တော်​မူ​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​အား​အ​ခြား​အ​ဘယ်​အ​ရာ​မျှ သွန်​သင်​ပေး​စ​ရာ​မ​လို။ အ​ဘယ်​ကြောင့်​ဆို သော်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို​သွန်​သင်​ပေး တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သွန်​သင် တော်​မူ​သော​အ​ရာ​တို့​သည်​မှန်​ကန်​၍​အ​မှား မ​ရှိ။ ထို့​ကြောင့်​သင်​တို့​သည်​ဝိ​ညာဉ်​တော်​သွန် သင်​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​လော့။ ခရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​ကြ လော့။

28 သား​သ​မီး​တို့၊ ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​၌​ငါ​တို့​သည်​ရှက်​ကြောက်​၍ ပုန်း​အောင်း​နေ ကြ​ရန်​မ​လို​ဘဲ ရှေ့​တော်​၌​ရဲ​ရင့်​ခွင့်​ရ​ရှိ​စေ ခြင်း​ငှာ၊ ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​ရှိ​နေ​ကြ​လော့။-