3 ခရစ်တော်ကိုအမှီပြု၍ထိုသို့မျှော်လင့် တောင့်တသူသည် ခရစ်တော်သန့်ရှင်းဖြူစင် တော်မူသကဲ့သို့မိမိကိုယ်ကိုသန့်ရှင်းဖြူ စင်စေတတ်၏။
4 အပြစ်ကူးခြင်းသည်ပညတ်တော်ကိုချိုး ဖောက်ခြင်းဖြစ်သဖြင့် အပြစ်ကူးသူမှန် သမျှသည်ပညတ်တော်ကိုချိုးဖောက်သူဖြစ်၏။-
5 ခရစ်တော်သည်လူတို့၏အပြစ်များကိုဖြေလွှတ် တော်မူရန်ကြွလာတော်မူကြောင်းကိုသင်တို့သိ ကြ၏။ ကိုယ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်တော်မူ၏။-
6 ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်နေသူ သည်အပြစ်မကူးတတ်။ အပြစ်ကူးတတ်သူ မူကားကိုယ်တော်ကိုမသိမမြင်ဘူးသူ ဖြစ်၏။
7 သားသမီးတို့၊ အဘယ်သူမျှသင်တို့အား မှောက်မှားလမ်းလွဲအောင်မပြုစေနှင့်။ ခရစ်တော် သည်ဖြောင့်မတ်တော်မူသကဲ့သို့ အမှန်တရားကို ကျင့်သုံးသူသည်လည်းဖြောင့်မတ်သူဖြစ်၏။-
8 အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။
9 ဘုရားသခင်၏သားသမီးဖြစ်လာသူသည် အပြစ်မကူးတတ်။ အဘယ်ကြောင့်ဆိုသော်ထို သူ၌ဘုရားသခင်၏ဇာတိသဘောပါရှိ သောကြောင့်ဖြစ်၏။ သူသည်ဘုရားသခင်၏ သားသမီးဖြစ်သဖြင့်အပြစ်ဒုစရိုက် မပြုနိုင်။-