2 ဘုရားသခင်၏ဝိညာဉ်တော်ဟုတ်မဟုတ် သင် တို့သိရှိနိုင်မည့်နည်းကားဤသို့တည်း။ သခင် ယေရှုသည်လူ့ဇာတိကိုခံယူကာကြွလာ တော်မူသည်ဟုဝန်ခံသူသည် ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ကိုခံယူရရှိသူဖြစ်၏။-
3 ယင်းသို့ဝန်မခံသူသည်ကား ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော်ကို ခံယူရရှိသူမဟုတ်။ ထိုသူတွင်ကိန်းအောင်း သည့်ဝိညာဉ်မှာ ခရစ်တော်၏ရန်သူဖြစ်၏။ ခရစ်တော်၏ရန်သူဝိညာဉ်သည် ဤလောက သို့ရောက်ရှိလာမည်ဖြစ်ကြောင်း၊ သင်တို့ကြား သိခဲ့ကြ၏။ သူသည်ယခုပင်လျှင်ရောက်ရှိ လျက်နေလေပြီ။
4 သားသမီးတို့၊ သင်တို့သည်ဘုရားသခင် ၏ဘက်တော်သားများဖြစ်၍မိစ္ဆာပရောဖက် များကိုအနိုင်ရခဲ့ကြ၏။ အဘယ်ကြောင့် ဆိုသော်သင်တို့တွင်ကျိန်းဝပ်တော်မူသော ဝိညာဉ်တော်သည်လောကသားတို့တွင်ကိန်း ဝပ်သောဝိညာဉ်ထက်ကြီးမြတ်တော်မူသော ကြောင့်တည်း။-
5 မိစ္ဆာပရောဖက်တို့သည်လောကနှင့်ဆိုင်သော သူများဖြစ်ကြ၏။ သို့ဖြစ်၍လောကီအကြောင်း အရာများကိုပြောဆိုကြ၏။ လောကသား တို့သည်လည်းသူတို့၏စကားကိုနားထောင် ကြ၏။-
6 သို့ရာတွင်ငါတို့သည်ဘုရားသခင်၏ဘက် တော်သားများဖြစ်ကြ၏။ ဘုရားသခင်ကိုသိ သောသူသည်ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်၏ဘက်တော်သားမဟုတ်သူမူ ကားငါတို့စကားကိုနားမထောင်တတ်။ ဤ သို့လျှင်ငါတို့သည်သမ္မာဝိညာဉ်နှင့်မိစ္ဆာ ဝိညာဉ်ကိုခွဲခြား၍သိရှိနိုင်ကြ၏။
7 ချစ်ဆွေတို့၊ ချစ်ခြင်းမေတ္တာသည်ဘုရားသခင်ထံ တော်မှသက်ရောက်လာသည်ဖြစ်ရာ ငါတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြ ကုန်အံ့။ ချစ်တတ်သောသူသည်ဘုရားသခင်၏ သားသမီးဖြစ်၏။ ကိုယ်တော်ကိုသိကျွမ်း သောသူလည်းဖြစ်၏။-
8 ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူ၏။ သို့ဖြစ်၍မေတ္တာကင်းမဲ့သူသည်ဘုရား သခင်ကိုမသိ။-