၁ သက် 3:1-8 BCL

1 နောက်​ဆုံး​၌​ငါ​တို့​သည်​ဆက်​လက်​စောင့်​ဆိုင်း​၍ မ​နေ​နိုင်​ကြ​တော့​သ​ဖြင့် အာ​သင်​မြို့​တွင် ငါ​တို့​နေ​ရစ်​ရန်​ဆုံး​ဖြတ်​ကြ​ပြီး​နောက်၊-

2-3 ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရာ​တွင် ငါ​တို့​နှင့်​အ​တူ​ဘု​ရား သ​ခင်​၏​အ​မှု​ကို​ဆောင်​ရွက်​သူ၊ ငါ​တို့​ညီ တိ​မော​သေ​အား​သင်​တို့​ထံ​သို့​စေ​လွှတ် လိုက်​ကြ​၏။ သင်​တို့​တွင်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​ခံ​ရ​သည့်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကြောင့် ယုံ​ကြည်​ခြင်း​မ​ယိမ်း​မ​ယိုင်​ဘဲ​ခိုင်​မြဲ​စေ အံ့​သော​ငှာ သင်​တို့​ကို​အား​ပေး​တိုက်​တွန်း နိုင်​ရန်​သူ့​အား​ငါ​တို့​ကို​စေ​လွှတ်​လိုက်​၏။ ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ငါ​တို့​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ဖြစ် ကြောင်း​သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။-

4 သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ညှဉ်း​ပန်း ခြင်း​ခံ​ရ​မည်​ကို ငါ​တို့​သ​တိ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ ငါ​တို့​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း ပင်​ယ​ခု​ဖြစ်​ပျက်​လာ​သည်​ကို​သင်​တို့​သိ ကြ​၏။-

5 ထို့​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို​စေ​လွှတ်​လိုက် ၏။ ငါ​သည်​မ​စောင့်​ဆိုင်း​နိုင်​တော့​သ​ဖြင့် သင်​တို့ ၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​သည်​မ​ခိုင်​မြဲ​သည်​ကို သိ​လို​၍ သူ့​ကို​စေ​လွှတ်​လိုက်​၏။ သင်​တို့​သည် မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့​လိုက်​ပါ သ​ဖြင့် ငါ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​ဖြစ်​မည်​ကို​ငါ​စိုး​ရိမ်​မိ​၏။

6 ယ​ခု​အ​ခါ​တိ​မော​သေ​သည်​ငါ​တို့​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​ပေ​ပြီ။ သူ​သည်​သင်​တို့ ၏​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​ခဲ့​၏။ သင်​တို့​သည် ငါ​တို့​အား​အ​စဉ်​သ​တိ​ရ​လျက်​နေ​ကြ ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား​ငါ​တို့ တွေ့​မြင်​လို​သ​ကဲ့​သို့​သင်​တို့​သည် ငါ​တို့​အား တွေ့​မြင်​လို​ကြ​ကြောင်း​ကို​လည်း​ကောင်း တိ​မော​သေ​က​ပြော​ပြ​၏။-

7 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​ဆင်း​ရဲ ဒုက္ခ​ခံ​လျက်​ပင်​သင်​တို့​ယုံ​ကြည်​ခြင်း​ကြောင့် အား​တက်​ကြ​၏။-

8 သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​၌​ကြံ့​ခိုင်​စွာ​ရပ်​တည်​ကြ သ​ဖြင့် ငါ​တို့​အ​သက်​ရှင်​ရ​ကျိုး​နပ်​ပေ​ပြီ။-