၁ သက် 3:5-11 BCL

5 ထို့​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို​စေ​လွှတ်​လိုက် ၏။ ငါ​သည်​မ​စောင့်​ဆိုင်း​နိုင်​တော့​သ​ဖြင့် သင်​တို့ ၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​သည်​မ​ခိုင်​မြဲ​သည်​ကို သိ​လို​၍ သူ့​ကို​စေ​လွှတ်​လိုက်​၏။ သင်​တို့​သည် မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့​လိုက်​ပါ သ​ဖြင့် ငါ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​ဖြစ်​မည်​ကို​ငါ​စိုး​ရိမ်​မိ​၏။

6 ယ​ခု​အ​ခါ​တိ​မော​သေ​သည်​ငါ​တို့​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​ပေ​ပြီ။ သူ​သည်​သင်​တို့ ၏​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​ခဲ့​၏။ သင်​တို့​သည် ငါ​တို့​အား​အ​စဉ်​သ​တိ​ရ​လျက်​နေ​ကြ ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား​ငါ​တို့ တွေ့​မြင်​လို​သ​ကဲ့​သို့​သင်​တို့​သည် ငါ​တို့​အား တွေ့​မြင်​လို​ကြ​ကြောင်း​ကို​လည်း​ကောင်း တိ​မော​သေ​က​ပြော​ပြ​၏။-

7 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​ဆင်း​ရဲ ဒုက္ခ​ခံ​လျက်​ပင်​သင်​တို့​ယုံ​ကြည်​ခြင်း​ကြောင့် အား​တက်​ကြ​၏။-

8 သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​၌​ကြံ့​ခိုင်​စွာ​ရပ်​တည်​ကြ သ​ဖြင့် ငါ​တို့​အ​သက်​ရှင်​ရ​ကျိုး​နပ်​ပေ​ပြီ။-

9 သင်​တို့​အ​တွက်​ကြောင့်​လည်း​ကောင်း၊ သင်​တို့ ကို​အ​ကြောင်း​ပြု​၍​ရှေ့​တော်​တွင်​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ရ​ရှိ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ငါ​တို့​ချီး​မွမ်း​ကြ​၏။-

10 သင်​တို့​ထံ​သို့​ရောက်​ရှိ​ပြီး​လျှင်​သင်​တို့ ယုံ​ကြည်​ခြင်း​ပါ​ရ​မီ​ကို​ဖြည့်​တင်း​ပေး​ခွင့် ကို​ရ​နိုင်​ရန် ငါ​တို့​သည်​နေ့​ရော​ည​ပါ​စိတ် အား​ထက်​သန်​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​၏။

11 ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏ အ​ရှင်​သ​ခင်​ယေ​ရှု​သည် သင်​တို့​ထံ​သို့​ငါ တို့​လာ​ရောက်​နိုင်​ကြ​စေ​ရန်​လမ်း​ဖွင့်​ပေး တော်​မူ​ပါ​စေ​သော။-