1 ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
2 သင်တို့အဘယ်သို့ပြုကျင့်ရမည်နှင့်ပတ် သက်၍ သခင်ယေရှုပေးအပ်ထားသည့် အခွင့်အာဏာအရ၊ သင်တို့အားငါတို့ ညွှန်ကြားထားသည့်အချက်များကိုသင် တို့သိကြ၏။-
3 ဘုရားသခင်သည်သင်တို့အားသန့်ရှင်း မြင့်မြတ်ကြစေရန်နှင့် ကာမဂုဏ်လွန်ကူး မှုနှင့်လုံးဝကင်းကြစေရန်အလိုရှိတော် မူ၏။-
4 အမျိုးသားတိုင်းပင်သန့်ရှင်းဖြူစင်တင့်တယ် လျောက်ပတ်စွာမိမိ၏ဇနီးနှင့်ပေါင်းသင်း နေထိုင်တတ်ရမည်။-
5 ဘုရားသခင်ကိုမကိုးကွယ်သူတို့ကဲ့သို့ ကိလေသာစိတ်၏အလိုသို့မလိုက်ရ။-
6 ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။-