၂ ကော 10:11-17 BCL

11 ငါ​တို့​သည်​အ​ဝေး​၌​ရှိ​စဉ်​အ​ခါ​က​စာ​ရေး ပြော​ကြား​လိုက်​သည်​အ​တိုင်း​ပင် လူ​ကိုယ်​တိုင် ရောက်​ရှိ​လာ​ချိန်​၌​ပြု​မူ​ဆောင်​ရွက်​မည်​ဖြစ် ကြောင်း​ထို​သူ​အား​အ​သိ​ပေး​လိုက်​သည်။

12 မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​ပြော​ဆို​သူ​တို့​၏​လူ တန်း​စား​တွင်​ငါ​တို့​သည်​မ​ပါ​ဝင်​ဝံ့​ပါ။ သင်​တို့ နှင့်​နှိုင်း​ယှဉ်​ရန်​လည်း​မ​ဝံ့​ပါ။ မိ​မိ​တို့​ကိုယ်​ကို စံ​ထား​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ကဲ​ဖြတ်​သူ​များ သည်​လွန်​စွာ​မိုက်​မဲ​လှ​ပါ​သည်​တ​ကား။-

13 ငါ​တို့​မူ​ကား​ဝါ​ကြွား​သင့်​သည့်​အ​တိုင်း အ​တာ​ကို​ကျော်​လွန်​၍​ဝါ​ကြွား​ကြ​မည်​မ ဟုတ်။ သင်​တို့​တွင်​ငါ​တို့​လုပ်​ဆောင်​သော​လုပ် ငန်း​အ​ပါ​အ​ဝင်​ငါ​တို့​လုပ်​ဆောင်​ရန် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​သတ်​မှတ်​ပေး​တော်​မူ သည့်​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​၌​သာ​ငါ​တို့ ဝါ​ကြွား​ကြ​၏။-

14 သင်​တို့​သည်​ငါ​တို့​အ​တွက်​ဘု​ရား​သ​ခင်​သတ် မှတ်​ထား​သော​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​ပါ​ဝင် သ​ဖြင့် ငါ​တို့​သည်​ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​ရာ​၌​နယ် ကျော်​ရာ​မ​ကျ။-

15 သို့​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင်​သတ်​မှတ် ပေး​သည့်​လုပ်​ငန်း​အ​တွက်​မှ​လွဲ​၍ သူ​တစ်​ပါး တို့​၏​လုပ်​ဆောင်​ချက်​များ​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​မှု​မ​ပြု။ သင်​တို့​၏​ယုံ​ကြည်​ခြင်း ပါ​ရ​မီ​ရင့်​လာ​သည်​နှင့်​အ​မျှ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​နယ် ပယ်​အ​တွင်း သင်​တို့​ထံ​တွင်​အ​မှု​တော်​တို့ ကို​တိုး​ချဲ့​ဆောင်​ရွက်​နိုင်​ရန်​မျှော်​လင့်​၏။-

16 ထို​နောက်​ငါ​တို့​သည်​သင်​တို့​၏​ဒေ​သ​ကို​ကျော် လွန်​၍ အ​ခြား​ဒေ​သ​သစ်​များ​တွင်​သ​ခင်​ယေ​ရှု အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ နိုင်​သ​ဖြင့် သူ​တစ်​ပါး​တို့​၏​နယ်​ပယ်​အ​တွင်း​၌ ပြီး​စီး​ခဲ့​သည့်​ဆောင်​ရွက်​ချက်​များ​အ​တွက် ငါ တို့​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​မ​လို​တော့​ပေ။

17 ကျမ်း​စာ​တော်​က ``ဂုဏ်​ယူ​ဝါ​ကြွား​လို​သူ​သည် သ​ခင်​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​တွက် သာ​ဂုဏ်​ယူ​ဝါ​ကြွား​ရ​မည်'' ဟု​ဆို​၏။-