၂ ကော 10:3-9 BCL

3 ငါ​တို့​သည်​ဤ​လော​က​၌​အ​သက်​ရှင်​နေ ထိုင်​လျက်​ရှိ​ကြ​သည်​မှန်​သော်​လည်း လော​ကီ အ​ကျိုး​ကို​မျှော်​ကိုး​၍​တိုက်​ပွဲ​ဝင်​နေ​ကြ သည်​မ​ဟုတ်။-

4 ငါ​တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​သည်​လူ​သား တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​မ​ဟုတ်။ ခံ​တပ်​များ ကို​ဖြို​ဖျက်​နိုင်​သည့်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​နှင့်​ပြည့်​စုံ​သော​လက်​နက်​များ​ဖြစ်​၏။ ငါ တို့​သည်​မ​မှန်​ကန်​သည့်​ဆွေး​နွေး​ငြင်း​ခုံ​ချက် များ​ကို​လည်း​ကောင်း၊-

5 ဘု​ရား​သ​ခင်​အား​သိ​ကျွမ်း​မှု​ပ​ညာ​ကို ပိတ်​ပင်​ဆီး​တား​သည့်​မာန်​မာ​န​မှန်​သ​မျှ ကို​လည်း​ကောင်း ဖြို​ဖျက်​ချေ​မှုန်း​ကြ​၏။ ငါ တို့​သည်​လူ​တို့​၏​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ချုပ်​ပြီး​လျှင် ခ​ရစ်​တော်​အား​နာ​ခံ စေ​ကြ​၏။-

6 သင်​တို့​သည်​ငါ​တို့​စ​ကား​ကို​အ​ကြွင်း​မဲ့​လိုက် နာ​ကြောင်း​ကို​သိ​သည့်​အ​ခါ​၌ ငါ​တို့​သည်​မ လိုက်​နာ​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် အ​သင့်​ရှိ​မည်။

7 သင်​တို့​သည်​အ​ပြင်​အ​ပ​လက္ခ​ဏာ​များ​ကို​သာ ကြည့်​ရှု​တတ်​ကြ​၏။ သင်​တို့​အ​နက်​မိ​မိ​ကိုယ် ကို​ခ​ရစ်​တော်​၏​တပည့်​ဖြစ်​သည်​ဟု​စိတ်​ချ​သူ ရှိ​လျှင် ထို​သူ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ် သ​ကဲ့​သို့ ငါ​တို့​သည်​လည်း​ခရစ်​တော်​၏​တ​ပည့် များ​ဖြစ်​ကြောင်း​ကို​ပြန်​လည်​စဉ်း​စား​ကြည့် စေ။-

8 အ​ကယ်​၍​ငါ​သည်​သ​ခင်​ဘု​ရား​ပေး​တော်​မူ သော​အာ​ဏာ​နှင့်​ပတ်​သက်​၍ အ​လွန်​အ​ကျွံ ဝါ​ကြွား​မိ​ခဲ့​လျှင်​လည်း​မ​ရှက်​ပါ။ ထို​အာ ဏာ​သည်​သင်​တို့​အား​ဖြို​ဖျက်​ရန်​အ​တွက် မ​ဟုတ်။ ပြု​စု​ပျိုး​ထောင်​ပေး​ရန်​အ​တွက် ဖြစ်​ပေ​သည်။-

9 သို့​ဖြစ်​၍​ငါ​သည်​စာ​များ​ရေး​၍​သင်​တို့ အား​ခြောက်​လှန့်​နေ​သည်​ဟု​မ​ထင်​စေ​လို။-