၂ ကော 5:9-15 BCL

9 ငါ​တို့​သည်​ဤ​အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ၊ ထို အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ​ငါ​တို့​ကို​စိတ်​တော် နှင့်​တွေ့​ရန်​အ​ထူး​သ​ဖြင့်​လို​လား​ကြ​၏။-

10 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​အား​လုံး​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရန် ခ​ရစ်​တော်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ရှိ​ရ​ကြ​မည်​ဖြစ်​သော ကြောင့်​တည်း။ ကိုယ်​ခန္ဓာ​နေ​အိမ်​၌​ရှိ​နေ​စဉ်​ပြု ကျင့်​ခဲ့​သည့်​ကောင်း​မှု​မ​ကောင်း​မှု​များ​အ​တွက် ထိုက်​သင့်​ရာ​အ​ကျိုး​အ​ပြစ်​ကို​ငါ​တို့​အ​သီး သီး​ခံ​ရ​ကြ​လတ္တံ့။

11 ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သ​ခင်​ဘု​ရား​အား ကြောက်​ရွံ့​ရ​ကြောင်း​ကို​သိ​သ​ဖြင့် လူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​၏။ ငါ​တို့​၏​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​အ​ကြွင်း​မဲ့​သိ​တော်​မူ​၏။ သင် တို့​သည်​လည်း​စိတ်​နှ​လုံး​ထဲ​က​ငါ့​အ​ကြောင်း ကို​လည်း ကောင်း​စွာ​သိ​ကြ​လိမ့်​မည်​ဟု​ငါ မျှော်​လင့်​၏။-

12 ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​တစ်​ဖန်​မိ​မိ​တို့ ကိုယ်​ကို​ဂုဏ်​ဖော်​လို​၍​မ​ဟုတ်။ ငါ​တို့​အ​ပေါ် တွင်​သင်​တို့​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ခွင့်​ရ​ရှိ​ကြ စေ​ရန်​သာ​ဖြစ်​၏။ သို့​မှ​သာ​လျှင်​လူ​၏​အ​ကျင့် စာ​ရိတ္တ​ကို​မ​ထောက်​ဘဲ ပြင်​ပ​အ​ဆင်း​သဏ္ဌာန် ကို​သာ​ထောက်​၍ ဂုဏ်​ယူ​ဝါ​ကြွား​တတ်​သူ​တို့ ၏​စ​ကား​ကို​သင်​တို့​ပြန်​လည်​ချေ​ပ​နိုင် ကြ​ပေ​မည်။-

13 ငါ​တို့​သည်​ရူး​သွပ်​လေ​ပြီ​လော။ ရူး​သွပ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့​ဖြစ်​၏။ အ​ကယ်​၍​မ​ရူး မ​သွပ်​လျှင်​လည်း​သင်​တို့​အ​ဖို့​ဖြစ်​၏။-

14 တစ်​ယောက်​သော​သူ​သည်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​သေ​ခံ​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ထို​သူ​နှင့်​အ​တူ​အ​သေ​ခံ​ကြ​ကြောင်း ကို​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ​ဖြစ်​၍ ငါ​တို့​ကို ခ​ရစ်​တော်​၏​မေတ္တာ​တော်​သည်​အုပ်​စိုး​လေ ပြီ။-

15 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​ခြင်း​မှာ​လူ​တို့​သည်​အ​သက်​ရှင်​စဉ် ကိုယ်​ကျိုး​အ​တွက်​ဆက်​လက်​၍​အ​သက်​မ​ရှင် ကြ​တော့​ဘဲ မိ​မိ​တို့​အ​တွက်​အ​သက်​ကို​စွန့် တော်​မူ​ပြီး​နောက်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သော​အ​ရှင်​၏​အ​ဖို့​အ​သက်​ရှင်​ကြ စေ​ရန်​ဖြစ်​ပေ​သည်။