၂ တိ 2:11-17 BCL

11 အောက်​ပါ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​ပေ​သည်။``ငါ​တို့​သည်​ကိုယ်​တော်​နှင့်​အ​တူ​သေ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​လိမ့်​မည်။

12 ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။ကိုယ်​တော်​အား​စွန့်​ပယ်​လျှင်​ကိုယ်​တော်​သည် ငါ​တို့​အား​စွန့်​ပယ်​တော်​မူ​လိမ့်​မည်။

13 ငါ​တို့​သစ္စာ​ဖောက်​လျှင်​ကိုယ်​တော်​သည် သစ္စာ​ဖောက်​တော်​မ​မူ။အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်မိ​မိ​သစ္စာ​တော်​ကို​ပယ်​ဖျက်​တော်​မ​မူ​နိုင် သော​ကြောင့်​ဖြစ်​၏''

14 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​၏​လူ​စု အား​သ​တိ​ပေး​လော့။ စ​ကား​အ​သုံး​အ​နှုန်း နှင့်​ပတ်​သက်​၍​ငြင်း​ခုံ​မှု​သည်​မည်​သည့် အ​ကျိုး​ကို​မျှ​မ​ပြု​စု​တတ်။ ကြား​ရ​သူ​တို့ ၏​အ​ကျိုး​ကို​သာ​ယုတ်​စေ​တတ်​၏။-

15 သင်​သည်​ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ သော​အ​မှု​တော်​ဆောင်​အ​နေ​ဖြင့်​လည်း​ကောင်း၊ သမ္မာ​တ​ရား​တော်​ကို​မှန်​ကန်​စွာ​ဟော​ပြော သွန်​သင်​သူ​အ​နေ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​စေ​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​လော့။-

16 ဘု​ရား​ကို​မ​ကြည်​ညို​သော​အ​ချည်း​နှီး စ​ကား​ကို​ရှောင်​လော့။ ထို​ကဲ့​သို့​သော​စ​ကား သည် လူ​တို့​အား​ဘု​ရား​နှင့်​ပို​၍​ပင်​ဝေး ကွာ​စေ​၏။-

17 ယင်း​သွန်​သင်​ချက်​သည်​အ​သား​ကို​ပုပ်​ရိ စေ​တတ်​သည့်​ခူ​နာ​နှင့်​တူ​၏။ ထို​သို့​သွန်​သင် သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက်​တို့​လည်း ပါ​ကြ​၏။-