၂ တိ 4:2-8 BCL

2 (အ​ချိန်​အ​ခါ​သင့်​သည်​ဖြစ်​စေ၊ မ​သင့်​သည် ဖြစ်​စေ) တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ လော့။ ကြား​နာ​သူ​တို့​အား​နား​လည်​သ​ဘော ပေါက်​စေ​လော့။ ဆုံး​မ​လော့။ အား​ပေး​တိုက်​တွန်း လော့။ စိတ်​ရှည်​စွာ​သွန်​သင်​လော့။-

3 လူ​တို့​သည်​မှန်​ကန်​သည့်​သြ​ဝါ​ဒ​ကို​နား​မ ထောင်​ဘဲ​ကိုယ့်​အ​လို​ဆန္ဒ​များ​ကို​လိုက်​၍ မိ​မိ တို့​ကြား​နာ​လို​သည့်​စ​ကား​များ​ပြော​ဆို​မည့် ဆ​ရာ​သ​မား​များ​ကို​ရှာ​ဖွေ​ကြ​မည့်​အ​ချိန် ကာ​လ​ရောက်​လိမ့်​မည်။-

4 သူ​တို့​သည်​သမ္မာ​တ​ရား​ကို​နား​မ​ထောင်​ဘဲ​ဒဏ္ဍာ ရီ​စ​ကား​များ​ကို​သာ​နား​ထောင်​ကြ​လိမ့်​မည်။-

5 သင်​မူ​ကား​အ​ဘယ်​အ​မှု​မျိုး​နှင့်​ကြုံ​တွေ့​ရ သည်​မ​ဆို​သမ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ လော့။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည့်​အ​လုပ် ကို​ဆောင်​ရွက်​လော့။ ဘု​ရား​သ​ခင်​၏​အစေ​ခံ အ​နေ​ဖြင့်​သင်​၏​တာ​ဝန်​ရှိ​သ​မျှ​ကို​ထမ်း ဆောင်​လော့။

6 ငါ​သည်​မိ​မိ​အ​သက်​ကို​ပူ​ဇော်​ရ​မည့်​အ​ချိန် ကျ​ရောက်​လာ​ပြီ။ ဤ​လော​က​မှ​ထွက်​ခွာ​ရ​မည့် အ​ချိန်​နီး​ကပ်​လာ​ပြီ။-

7 ငါ​သည်​ပြေး​ပွဲ​တွင်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​ပြီ။ တာ​အ​ဆုံး​တိုင်​အောင်​ပြေး​ခဲ့​ပြီ။ ယုံ​ကြည်​ခြင်း တ​ရား​ကို​စောင့်​ထိန်း​ခဲ့​ပြီ။-

8 ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​သူ​အား​ပေး​အပ်​သည့်​အောင်​ဆု​သည် ငါ့​အ​တွက်​အ​သင့်​ရှိ​နေ​ပြီ။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တော်​မူ​သော​တ​ရား​သူ​ကြီး တည်း​ဟူ​သော​သ​ခင်​ဘု​ရား​သည် ထို​ဆု​ကို တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ငါ့​အား​ပေး အပ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​က​ဤ လော​က​သို့​နောက်​တစ်​ဖန်​ကိုယ်​တော်​ပေါ် ထွန်း​တော်​မူ​မည်​ကို​တောင့်​တ​စောင့်​မျှော်​သူ အ​ပေါင်း​တို့​အား​လည်း​ပေး​တော်​မူ​လိမ့်​မည်။